ဥတ္တရသီရိမြို့နယ်တွင် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဥတ္တရသီရိမြို့နယ်တွင် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းသင်တန်းဖွင့်လှစ်

3


MNP - ဇူလိုင်  ၂၄


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် မောင်းရမ်းကျေးရွာအုပ်စု၊ ဝက်စုကျေးရွာ၌  သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းသင်တန်းကို ယမန်နေ့နံနက် ၁၁ နာရီက ဝေယံတိုးဆန်စက်တွင်  ကျင်းပသည်။


အဆိုပါသင်တန်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဦးမြင့်စိုးတို့က အမှာစကားအသီးသီး ပြောကြားခဲ့ကြပြီး နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မာအေးက သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။


ထို့နောက် စပါးခွံတစ်စ၊ နွားချေးတစ်စ၊ ဖွဲနုတစ်စ ရောစပ်၍ စူပါဘိုကာရှီဇီဝမြေဩဇာ လက်တွေ့ပြုလုပ်နေမှုများအား တာဝန်ရှိသူများကလိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။


သတင်း - ကျော်စွာဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages