ရွှေတောင်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

ရွှေတောင်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

26

MNP - ဇူလိုင်  ၁၉


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ ပါဝင်သည့်အဖွဲ့သည် ရွှေတောင်မြို့ စည်ပင်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းပါဝင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ( ၆၆ / ၆) ပုံစံများအား Soft Ware Program အသုံးပြုစာရင်းသွင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် လဝက ဦးစီးမှူးတို့အား သတ်မှတ်ရက်အမီပြီးစီးစေရေး လမ်းညွှန်မှာကြားခဲ့ပြီး ယွန်းတန်းရပ်ကွက်ရှိ မီးသတ်ရေကန်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ၊ မီးသတ်ရေကန်၏ အနောက်ဘက်အခြမ်းနှင့် မြောက်ဘက်ခြမ်းတို့ လျောကျပျက်စီးမှုအ‌ခြေအနေများကို ခရိုင် တည်ကော်အဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများဖြင့် ကွင်းဆင်းစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များကို သက်ဆိုင်ရာ ဆည်မြောင်းဌာန တာဝန်ရှိသူအား လမ်းညွှန်မှာကြားခဲ့သည်။


ဆက်လက်၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ယွန်းတန်းရပ်ကွက်ရှိ ဧရာဝတီမြစ်ကမ်းပြိုကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို သက်ဆိုင်ရာ ရေ/ မြစ် /ဖြိုး ဌာနတာဝန်ရှိသူများကို လမ်းညွှန်မှာ ကြားခဲ့သည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာရှိ တောင်သူဦးဌေးအောင်၏ ကြက်ခြံတွင် ပေါင်းတည်မြို့နယ် မင်းသားကြီး ကြက်ခြံမှဖြန့်ဖြူးသည့် တိုင်းရင်းကြက် (ဒေသကြက်) ကောင်ရေ (၁၀၀၀) မွေးမြူးထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး တိုးချဲ့မွေးမြူနိုင်ရေး စည်းရုံးခဲ့ကြောင်း သိရသည်။


သတင်း - ကိုကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages