မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၃/၂၀၂၂)သို့ တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၃/၂၀၂၂)သို့ တက်ရောက်

5

6

7


MNP - ဇူလိုင်  ၂၆


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၃/၂၀၂၂)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ် ဆောင်ရွက်သည်။


တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်  ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က စားသုံးဆီမှာ ဆန်ပြီးလျှင် ဒုတိယအရေးပါသော အခြေခံ စားကုန်ဖြစ်ကာ ဆီဖူလုံရေးသည် အရေးပါလျက်ရှိပြီး စားသုံးဆီဖူလုံရေးအတွက်   နေကြာသီးနှံသည် စိုက်ပျိုးထုတ်လုပ်မှုစရိတ် နည်းပါးခြင်း၊ အပျက်အစီးနည်းခြင်း အထွက်နှုန်းနှင့် တစ်ဧက ဆီထွက်နှုန်း ကောင်းခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် အထောက်အကူပြုသည့် သီးနှံဖြစ်၍ မိမိတို့တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံနေကြာအား တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ အနေဖြင့် စိုက်ပျိုးရေရရှိရေး၊ တစ်ဧကအထွက်နှုန်း တိုးတက် ကောင်းမွန်စေရေး၊ ပိုးမွှားကျရောက်မှုအန္တရာယ် ကာကွယ်ရေးနှင့် နွေစပါးစိုက်တောင်သူများ ယူရီး ယားဓာတ်မြေဩဇာများ ပံ့ပိုးပေးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန်၊ ဆည်မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် ဆည်ရေဝင်ရောက်မှု၊ သီးနှံစိုက်ပျိုးမှု၊ ဒေသခံ တောင်သူများအား စိုက်ပျိုးရေပေးဝေမှု အခြေအနေများအား တာဝန်ရှိသူများမှ ကြီးကြပ် ဆောင်ရွက်ရေး၊ ဆည်ရေသောက်ဧရိယာအတွင်း  စီစစ်ဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် မြောင်းဆုံး မြောင်းဖျားထိ ရေးပေးဝေနိုင်ရေး ကြိုးစား ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ပွင့်ဖြူမြို့နယ် မဲဇလီဆည်ရေသောက်စနစ် တောင်မုန်း မြောင်းမကြီးမှ ဆိုလာစနစ်ဖြင့် ရေစုပ်တင်ပြီး ကုလားဟောင်းမြောင်းအဖျားသို့ ရေကူပေးဝေနိုင်ရေး ဆောင်ရွက်ရန်ကိစ္စနှင့် ပတ်သက်၍ ရေမလွှတ်သည့်အချိန် မလိုလားအပ်သော ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဌာနမှ ကြီးကြပ်ဆောင်ရွက်ဖို့၊ စိမ်းစိုမှ တမာ (၁၀၀)ဧက စိုက်ပျိုးရန်စီစဉ်နေမှုနှင့် ပတ်သက်၍ အဆိုပါနေရာတွင် ယာယီရှင်းလင်းဆောင်တစ်ခု ဆောက်လုပ်ကာ ပျိုးထောင်၊ ကျင်းတူး ဆောင်ရွက်နေမှုများအား စိမ်းစိုနှင့်သစ်တော ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက် ကြရန် မှာကြားလိုကြောင်း၊ မိုးရာသီထွန်တုံးပိတ် စိုက်ပျိုးမည့်အချိန်မှာ သြဂုတ်လကုန်ဖြစ်သည့် အတွက် (၁)လအတွင်း လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး တွန်းအားပေး ဆောင်ရွက်ရန် လိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမျိုးအောင်က တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁၂/၂၀၂၂) ဆုံးဖြတ်ချက်များအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးနှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူးတို့က မိမိတို့ လုပ်ငန်း ကဏ္ဍအလိုက် ရှင်လင်း တင်ပြဆွေးနွေးမှုများနှင့် တက်ရောက်လာသူများ၏ အထွေထွေ ဆွေးနွေးတင်ပြ ဆောင်ရွက်ခဲ့မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို  ဆက်စပ်ဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages