မြိတ်မြို့တွင် တရားရုံးစစ်ဆေးဆဲအမှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြိတ်မြို့တွင် တရားရုံးစစ်ဆေးဆဲအမှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

40

41


MNP - ဇူလိုင်   ၂၂


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ တရားရုံးစစ်ဆေးဆဲအမှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပခဲ့ပြီး  တိုင်းဒေသကြီး တရားလွတ်တော်တရားသူကြီးချုပ် တက်ရောက် အမှာစကား ပြောကြားသည်။


အစည်းအဝေးတွင်တိုင်းဒေသကြီးတရားလွတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေး ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များအတိုင်း ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဝင်များအားလုံးသည် လုပ်ငန်းများဆောင်ရွက်သည့်အခါ တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက် သဘောသက်ရောက်သည့် ဆောင်ရွက်မှုမျိုး မရှိစေရေး သတိပြုဆောင်ရွက်ကြရန်နှင့် တရားရုံး၏ စစ်ဆေးစီရင်ခြင်းကို မထိခိုက်စေဘဲ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများတွင် အခက်အခဲများဖြစ်ပေါ်လာပါက  ဝိုင်းဝန်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။


တရားရုံးများတွင် စစ်ဆေးဆဲပြစ်မှု ဆိုင်ရာမှုခင်းများကို မှန်မှန်နှင့်မြန်မြန်ဆောင်ရွက်နိုင်ရေး မိမိတို့ကဏ္ဍအလိုက် အလေးထားဆောင် ရွက်ရန်နှင့် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရာတွင် အခက်အခဲ(သို့မဟုတ်) အားနည်းချက် တစ်စုံတစ်ရာရှိပါက ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဝင် အချင်းချင်းချိတ်ဆက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်ကန်မြန်ဆန်စွာပြီး ပြတ်အောင်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ မှုခင်းများတရားစီရင်ရေး အထောက်အကူပြုအဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီး တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် မြိတ်ခရိုင်မှုခင်းကျဆင်းရေး ကော်မတီတို့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။


ထိုနောက် တရားရုံးစစ်ဆေးဆဲအမှုများနှင့် ပတ်သက်၍ မြိတ်ခရိုင် တရားသူကြီး၊ မြိတ်ခရိုင် ဥပဒေအရာရှိ၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး၊ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်မှုများအား ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးတရားလွတ်တော် တရားသူကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့်စ

No comments:

Post a Comment

Donate and Support

Pages