မတ္တရာမြို့နယ်၌ အောင်မြေသုခစက္ခုပါလ မျက်စိအထူးကုဆေးခန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

မတ္တရာမြို့နယ်၌ အောင်မြေသုခစက္ခုပါလ မျက်စိအထူးကုဆေးခန်းဖွင့်ပွဲကျင်းပ

109


MNP - ဇူလိုင်   ၂၇


မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ အောင်မြေသုကျောင်းတိုက်အတွင်း၌ အများပြည်သူလှူဒါန်းမှုဖြင့် ဆောက်လုပ်ထားရှိသော အောင်မြေသုခစက္ခုပါလ မျက်စိအထူးကုဆေးခန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါမျက်စိဆေးခန်းရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အောက်မြေသုခဆရာတော် ဒေါက်တာဘဒ္ဒန္တခေမိဿရ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရသိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဆရာ ဝန်ကြီးဒေါက်တာနေဇော်အောင်တို့မှ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အောက်မြေသုခဆရာတော်မှ ဆေးခန်းအဝင်မုခ်ဦးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ကြွရောက်လာတော်မူကြသော ဆရာတော်ဘုရားကြီးများမှ မျက်စိဆေးခန်းကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကာ အောင်မြေသုဆရာတော်မှ အောင်မြေသုခ စက္ခုပါလမျက်စိအထူးကုဆေးခန်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကာ ဆရာတော်ဘုရားကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ မျက်စိဆေးခန်းအတွင်းသို့ ကြည့်ရှုလေ့လာကြသည်။ ဆက်လက်၍ အခမ်းအနားကျင်းပရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် တိပိဋကဓရတိပိဋကကောဝိဒ ဓမ္မဘဏ္ဍာကာရိက ထီးဆောင်းမြင်းမူဆရာတော် အရှင်သူမြတ်မှ သမ္မောဒနိယကထာကို ချီးမြှင့်တော်မူခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ သာသနာရေး ဆိုင်ရာများကို လျှောက်ထားခဲ့သည်။ ထို့နောက် အောင်မြေသုခစက္ခုပါလမျက်စိအထူး ကုဆေးခန်း၏ ဦးစီးပဓာနဆရာတော် သဒ္ဓမဇောတိကဓဇဒေါက်တာဘဒ္ဒန္တခေမိဿရမှ ဝမ်းမြောက်ကြောင်း ပီတိသဝဏ်လွှာ ဖတ်ကြားလျှောက်ထားခဲ့သည်။ ဆက်လက်၍ ပင့်သံဃာဆရာတော်ကြီးများအား အလှူရှင်များက လှူဖွယ်ဝတ္ထုများကို ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များမှ ပရိတ်တရားတော်များကို ရွတ်ဖတ် ချီးမြှင့်တော်မူကြပြီးနောက် နိုင်ငံတော်သံဃမဟာနယကအဖွဲ့ မတ္တရာမြို့ သာသနာ့ဇောတာရုံ (ရွှေအုန်းပင်) ကျောင်းတိုက်ပဓာန နာယကဆရာတော်ဘုရားကြီးမှ ရေစက်ချတရားဟောကြားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


အဆိုပါ အောင်မြေသုခစက္ခုပါလ မျက်စိအထူးကုဆေးခန်းကို  အောင်မြေသုခပရိယတ္တိ စာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တခေမိဿရမှ ငွေကျပ် သိန်း (၅၀၀) ဦးစီးမတည်၍ မြို့သူမြို့သား နယ်သူနယ်သားများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ငွေကျပ် သိန်း ၃၇၀၀ ကျော် အကုန်အကျခံ၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - စိုးကျော်သူထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages