ရမ်းဗြဲမြို့၌(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရမ်းဗြဲမြို့၌(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

 

34

MNP - ဇူလိုင်   ၁၉


ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရမ္မာဝတီခန်းမတွင် ကျင်းပ ပြုလုပ်ကြသည်။


အခမ်းအနားတွင် ရမ်းဗြဲမြို့ပေါ်မှ ဆရာတော်ကြီးများဖြစ်ကြသော ငွေတောင်သာကျောင်း ဆရာတော်၊ မြောက်ကျောင်းတိုက် ဆရာတော်၊ ဗဟန္တောင်ကျောင်းတိုက်ဆရာတော်၊  ဒက္ခိဏာရာ မဝိဟာရ (တောင်ကျောင်း) ဆရာတော်နှင့် ဓမ္မနိမိတာရုံကျောင်းတိုက်ဆရာတော် (၅)ပါးတို့အား ပင့်ဖိတ်၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် အဖွဲ့ဝင်များ ဌာဆိုင်ရာများမှ တာဝန်ရှိသူများက နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ထို့နောက် မြောက်ကျောင်း တိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများမှ ပရိတ်တရားတော်များကို ရွတ်ပွားသရစ္ဇျာယ်ပေးကြကာ ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းပေးကြသည်။ ယင်းနောက် ဗဟန္တောင်ကျောင်း ဆရာတော်ကြီးမှ အနုမောဒနာ တရားနှင့် ရေစက်သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆို ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။


ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် အဖွဲ့ဝင်များမှ နေ့ဆွမ်း ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်နိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages