MNP - ဇူလိုင် ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ သမိုင်းဝင်ရွှေမုဋ္ဌော စေတီတော်မြတ်ကြီး အာရုဏ်ခံတန်းဆောင်တွင် ဝါတွင်းကာလ တတိယအပတ်အဖြစ် ဘုန်းတော်ကြီးကျောင်းတိုက် (၅၀) ကျောင်းတို့တွင် ဝါဆိုသီတင်းသုံးနေကြသော သံဃာတော်အရှင်သူမြတ် (၃၆၇) ပါးတို့အား ဝါတွင်းကာလ ဝါဆိုနေစဉ်ကာလအတွင်း ဆွမ်း၊ ဆွမ်းဟင်း၊ ဘောဇဉ်အခက်အခဲမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၊ ဒေသခံစေတနာရှင် အလှူရှင်များစုပေါင်း၍ ယနေ့နံနက် (၉) နာရီအခွဲအချိန်တွင် ဒေါ်လှချုံမိသားစု တန်းဆောင်တွင် လောင်းလှူခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မလှိုင်မြို့၊ ဇီးပင်ကန်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဥတ္တရထံမှ ရှစ်ပါးသီလ ခံယူဆောက် တည်တော်မူကြပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် သာဓုအနုမောဒနာ ဝမ်းမြောက်၍ ရေစက် သွန်းချခဲ့ပါသည်။ ထို့နောက် မြတ်စွာဘုရားနှင့် သံဃာတော်အရှင်သူမြတ် (၃၆၇) ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးဌေးသန်း၊ ဦးအောင်ကျော်သူတို့နှင့် စေတနာရှင် အလှူရှင်အပေါင်းတို့မှ ဆွမ်း၊ ဆွမ်းဟင်းနှင့် ဘောဇဉ်တို့အား လောင်းလှူခဲ့ကြပါသည်။
အဆိုပါ သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးတွင် ဝါတွင်းကာလအတွင်း ဆွမ်းလောင်လှူခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၆၃) ကြိမ်မြောက်ခဲ့ပြီဖြစ်ပြီး မလှိုင်မြို့နယ်အတွင်း ကျောင်းတိုက်ပေါင်း (၂၉၉) ကျောင်း၊ ဝါဆိုသံဃာတော်အရှင်သူမြတ် (၂၃၅၇) ပါးတို့အား သီတင်းသုံးတော်မူကြီး ကျန်ရှိသော ဝါတွင်းကာလအတွင်း ဆက်လက်လောင်းလှူသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။
သတင်း - အောင်ဌေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment