ပိုင်ကျုံမြို့အမှတ်(၃)ရပ်ကွက်‌ ဈေးမြေနေရာ အားခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

ပိုင်ကျုံမြို့အမှတ်(၃)ရပ်ကွက်‌ ဈေးမြေနေရာ အားခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်

29


MNP - ဇူလိုင်  ၂၇


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ၊ ဈေးရောင်းဈေးဝယ်မှုများအဆင်ပြေလွယ်ကူစေရေးနှင့်သွားလာမှုအဆင်‌ ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ်တွင်ကရင်ပြည်နယ်၊ အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ် (၄၁.၅) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဈေးမြေနေရာအား ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၄ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ‌ ဈေးမြေနေရာ ခြံစည်းရိုးသည် အရှည်(၁၂၂၀)ပေ၊ အမြင့်(၆)ပေရှိပြီး လုပ်ငန်း‌ဆောင်ရွက်မှုများ သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်းများ ပြီးစီးပါက မြို့သာယာလှပ‌ပြီးအများပြည်သူများ၏ စားဝတ်နေရေး၊ ဈေးရောင်းဈေးဝယ်မှုများ၊ ဈေးဆိုင်နေရာများ နေရာချထားပြီး ကုန်စည်စီးဆင်းမှုများ မြန်ဆန်လွယ်ကူလာမည် ဖြစ်ကြောင်း သိရသည်။


သတင်း - နော်ခူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages