MNP - ဇူလိုင် ၂၂
၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင် နိုင်ရေး (ပုသိမ်ခရိုင်အဆင့်) အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပရန်အတွက် ဝတ်စုံ ပြည့်လေ့ကျင့်ခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်တွင် ပုသိမ်မြို့၊ အမှတ် ၁ အခြေခံပညာ အထက်တန်း ကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲ့များ၊ ပြိုင်ပွဲဝင် ကြမည့်ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်အသင်းများ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဝါသနာရှင်မိဘပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။
ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူးမှ ဖဲကြိုးဖြတ်မည့်အစီအစဉ်တွင် နေရာယူကြရမည့် နေရာများကို သတ်မှတ်ကာ အခမ်းအနား အစီအစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ အစမ်းလေ့ကျင့်ခြင်း အခမ်းအနား အပြီး တွင် ပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲ့များက မြို့နယ်အသီးသီးမှ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ လာရောက်ကြသည့် ကြီးကြပ်အဖွဲ့များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ဆွေးနွေးခဲ့ကြသည်။
ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဖွင့်ပွဲအပြီးတွင် ပြိုင်ပွဲများ ဆက်လက် ကျင်းပမည်ဖြစ်ကာ ၂၄ ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - မြင့်ဟန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment