MNP - ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အမှတ်(၃)ရပ်ကွက်၊ အ.မ.ကလမ်းမတော်ကျောင်း၌ အသက်(၅) နှစ်မှ(၁၂)နှစ်အောက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အာဟာရ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်သူနာပြုအဆင့်- ၁ ဒေါ်ဥမ္မာဝင်းနှင့် ကျန်းမာရေးဝန် ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ဝေငြိမ်းနှင့် အဖွဲ့ဝင်များက အသက်(၅)နှစ်မှ (၁၂)နှစ်အောက် ကျောင်းသား/သူ(၃၈)ဦးကို ကိုယ်အပူချိန်တိုင်းတာပေး၍ (ဒုတိယအကြိမ်)ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
ထို့နောက်မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျောင်းသား/သူများအား BaB ကလေးအားဆေးကတ်များ ဖြန့်ဝေပေးခဲ့ပြီး၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက ပဲနို့ဗှုးများဝေဌပေးခဲ့ကြောင်း သိရသည်။
သတင်း - ပေါက်စ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment