ပညာရေးဝန်ထမ်းများ၏ ယခင်နှစ်က တင်ခဲ့သော (အပြောင်းအရွှေ့/ ဝန်ထမ်းပေါင်းစည်း/ ရာထူးတိုး)လျောက်လွှာများကို လျစ်လျူရှုပယ်ဖျက်ခဲ့၍ ယခုနှစ်အမြန်ဆုံး ထွက်ပေးစေချင်ပါသည်။
ဝန်ထမ်းပေါင်းစည်း လျှောက်ရာ၌ မြို့နယ်ရုံးမှတင်သော လျောက်လွှာများသည် အော်ဒါထွက်ရန် ကြာမြင့်နေသည်ကိုတွေ့ရပါသည်။ တချို့သည် မိမိကိုယ်တိုင်လူကြီးနှင့်တွေ့၍ သွားရောက်တင်ပြ အခက်အခဲပြောပြ သူများကိုသာ အော်ဒါချက်ချင်းထွက်၍ အမျိုးသားတာဝန်ကျရာသို့ ချက်ချင်းလိုက်ပါပြောင်းနေရသည်ကိုလည်း တွေ့နေရပါသည်။
ကျွန်မတို့၏ လမ်းမှန်အတိုင်း အဆင့်မကျော်၍ တင်ထားသည့် ဝန်ထမ်းပေါင်းစည်းလျှောက်လွှာများကို သနားငဲ့ညှာစွာ ဆောင်ရွက်ပေးစေချင်ပါသည်။
အမျိုးသားတာဝန်ကျရာ တိုင်းခြား ပြည်နယ်ခြားသို့ လိုက်ပါလို၍ တင်ထားသော ဝန်ထမ်းပေါင်းစည်းများကို ဦးစားပေးစဉ်းစားပေးစေလိုပါသည်။ ခေတ်ကာလမကောင်းသောကြောင့် မိမိအိမ်နှင့်နီးရာသို့ အပြောင်းတင်ထားသော ဆရာ/ဆရာမများ၏ ဘဝကို ငဲ့ညှာသောအားဖြင့် (အပြောင်းအရွှေ့/ ဝန်ထမ်းပေါင်းစည်း) များကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါသည်။
ပညာရေးဝန်ထမ်း တစ်ဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment