MNP - ဇူလိုင် ၂၃
တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်သည့် မိတ်ဆက်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေး ဦးစီးမှူးနှင့် တရားရေး အရာရှိများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ မော်လမြိုင် ရှေ့နေအသင်းနှင့် တရားမျှတမှု စင်တာများမှ တာဝန် ရှိသူများ၊ စေ့စပ်ဖြေရှင်းရေးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်၊၊
ရှေးဦးစွာ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်က တိုင်းဒေသကြီး/ ပြည်နယ် တရား လွှတ်တော်များတွင် စေ့စပ်ဖြေရှင်းရေးဌာနကို ၁-၈-၂၀၂၂ ရက်နေ့မှ စတင်ပြီး တစ်ပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ တရားရုံးက ဦးဆောင်သည့် စေ့စပ် ဖြေရှင်း ရေးဆိုသည်မှာ တရားရုံး၌ စွဲဆိုပြီးဖြစ်သော တရားမမှုကို အမှုသည်တို့၏ ဆန္ဒအရ ဖြစ်စေ၊ သတ်မှတ်ချက်အရဖြစ်စေ တရားရုံးရှိ စေ့စပ်ဖြေရှင်းရေးဌာန၌ အမှုသည်များ ကိုယ်တိုင် ပါဝင်ပြီးစေ့စပ် ဖြေရှင်းရာမှာ တရားရုံးက တာဝန်ပေးအပ်သည့် စေ့စပ်ဖြေရှင်းရေးအရာရှိ တစ်ဦးက အမှုသည်များအကြား ကြားဝင်ကူညီ ဆောင်ရွက်ပေးခြင်းဖြင့် အငြင်းပွားမှုကို ဖြေရှင်း ခြင်းဖြစ်ကြောင်း၊ တရားရုံးသို့ စတင်စွဲဆို တင်ပို့လာသော တရားမမှုများအနက် မိသားစုဆိုင်ရာ အငြင်းပွားမှုများ၊ ငွေကြေးဆိုင်ရာ အငြင်းပွားမှုများနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်း ပွားမှုများနှင့် စပ်လျဉ်း၍ စေ့စပ်ဖြေရှင်းပေး မည်ဖြစ်ပါကြောင်း၊ ထိုသို့ တရားမမှုများကို စေ့စပ် ဖြေရှင်းဆောင်ရွက်ခြင်းအားဖြင့် အမှုသည်များနှင့် တရားရုံးတို့တွင် အမှုသည်များသည် မိမိတို့ အမှန်တကယ် အငြင်းပွားနေသည့် ပြဿနာအပေါ် မိမိတို့ကိုယ်တိုင် ညှိနှိုင်းဖြေရှင်း အဖြေရှာ ရခြင်းဖြစ်သည့်အတွက် စေ့စပ်ဖြေရှင်းခြင်းရလဒ်အပေါ် စိတ်ကျေနပ်မှု မြင့်မားစေနိုင်ခြင်း၊ စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်စဉ် အချင်းချင်း ညှိနှိုင်းအဖြေရှာခြင်းအားဖြင့် နှစ်ဖက်အမှုသည် များအကြား ဆက်ဆံရေးတိုးတက် ကောင်းမွန်လာစေနိုင်ခြင်း၊ စေ့စပ်ဖြေရှင်းရေး အောင်မြင် သည့်အခါ အမှုသည်များအနေဖြင့် မိမိတို့၏ အငြင်းပွားမှုကို အချိန်တိုအတွင်း ကုန်ကျစရိတ် သက်သာစွာဖြင့် ဖြေရှင်းပြီးစီးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ တရားရုံးများမှ တရားသူကြီးများ အနေဖြင့်လည်း စေ့စပ်ဖြေရှင်းရေးအစီအစဉ် အောင်မြင်စေ ရေးအတွက် မိမိတို့ကျရာ နေရာဌာနမှ ဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာ ကြားလိုကြောင်း ပြောကြားသည်၊၊
ထို့နောက်ပြည်နယ်တရားရေး ဦးစီးမှူး ဒေါ်ခင်နှင်းထွဋ်နှင့် စေ့စပ်ဖြေရှင်းရေးအရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ကေသီလှိုင်တို့မှ တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ် ဖြေရှင်း ရေးစနစ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment