ရမည်းသင်းမြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရမည်းသင်းမြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်


18


MNP - ဇူလိုင်   ၃၀


ရမည်းသင်းမြို့ သန့်ရှင်းသာယာလှရေးအတွက် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက် ၇ နာရီတွင် ရမည်းသင်းမြို့ ရွှေစည်းခုံဘုရားဝန်းအတွင်း ပေါင်းမြက်များ၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ရမည်းသင်းမြို့ နယ်မြေခံတပ်ရင်းမှ တပ်နယ်မှူး ဗိုလ်မှူးကြီးဇော်မြင့်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းမှ အရာရှိစစ်သည်များ၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ စုစုပေါင်း (၂၅၀)ဦးတို့က  ရွှေစည်းခုံဘုရားဝန်းအတွင်း ပေါက်ရောက်နေသော ပေါင်းမြက်၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ တံမြက်စည်းလှည်းခြင်း၊ အမှိုက်များ ရှင်းလင်းမီးရှို့ခြင်းတို့ဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရမည်းသင်းမြို့နယ်အတွင်း စုပေါင်းသန့်ရှင်းရေးကို  အများပြည်သူနှင့်သက်ဆိုင်သောနေရာများ၌ အပတ်စဉ် စနေနေ့တိုင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။


သတင်း - ဇော်ဝင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages