ယာဉ်အန္တရာယ်ကင်းရှင်းရေး လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်ရာနေရာသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယာဉ်အန္တရာယ်ကင်းရှင်းရေး လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်ရာနေရာသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှု





MNP - ဇွန်   ၃၀


“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များနှင့်အတူ ခရိုင်/မြို့နယ်စီမံအုပ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက် ၁၀ နာရီအချိန်က ဟိုပန်-မော်ဟွေ့လမ်းပေါ်ရှိ ၃၁ ဘုံစေတီကုန်းအနီး လမ်းကွေ့နေရာတွင် လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးစကြည်အေး(လက်ထောက်ညွှန်ကြားရေးမှူး)က ရှင်းလင်းတင်ပြခဲ့သည်။


တင်ပြချက်နှင့်ပတ်သက်၍ ဥက္ကဋ္ဌက လမ်းချဲ့ရာမှ ထွက်ရှိလာသည့် မြေသားများကို စနစ်တကျထားရှိရန်၊ ဗြုန်းခင်းပေးရန်၊ လုပ်ငန်းဆောင်ရွက်နေချိန် ယာဉ်များသွားလာနိုင်ရေး စနစ်ကျစီစဉ်ကြပ်မတ်ပေးရန် မှာကြားခဲ့သည်။ အဆိုပါလမ်းကွေ့နေရာသည် တစ်ဖက်နှင့်တစ်ဖက်မမြင်ရသဖြင့် ယာဉ်မတော်ဆမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသောကြောင့် ကြိုတင်ကာကွယ်နိုင်ရန် လမ်းချဲ့ထွင်ခြင်းဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့သည် နမ့်လျှံရပ်ကွက်ရှိ နတလဦးစီးဌာနမှ ဆိုလာစနစ်ဖြင့် ချောင်းရေတင်သည့်လုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ခရိုင်ဦးစီးမှူးဦးဝင်းနိုင် (လက်ထောက်ညွှန်ကြား‌ရေးမှူး)က လုပ်ငန်းဆောင်ရွက်ပြီးစီးကာ အသုံးပြုလျက်ရှိသည့်အခြေအနေကို ရှင်းလင်းတင်ပြခဲ့သည်။ ဆိုလာစနစ်ဖြင့် ရေတင်ခြင်းလုပ်ငန်းအောင်မြင်စွာ အသုံးပြုနိုင်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့်ဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)