ငါးကျိတ် ငါးပါးသော ပြည့်ရှင်မင်းများအား ပူဇော်အထူးပြုပွဲ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ငါးကျိတ် ငါးပါးသော ပြည့်ရှင်မင်းများအား ပူဇော်အထူးပြုပွဲ

059

060

061


နစက အစိုးရတာဝန်ယူပြီးနောက်ပိုင်း တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေသည့် ကာလတွင် ပုဂံအရေး တက်ကြွလှုပ်ရှားသူ ကိုမျိုးဆက်စံ နှင့် သိကျွမ်းခဲ့သည်။ YMBA မှ ကိုမင်းမြတ်ဦး ၏ ဆက်သွယ်ပေးမှုအရ သိကျွမ်းခင်ခဲ့ကြခြင်းဖြစ်သည်။ ကျွန်တော့်အနေဖြင့် မီဒီယာကဏ္ဍတွင် ဆောင်ရွက်နေသူ ဖြစ်ခြင်းကြောင့် ပုဂံအရေးကိစ္စများ ဖွင့်ဟပြောဆိုရန် ကိုမျိုးဆက်စံ က ဆက်သွယ်ခြင်း ဖြစ်၏။ ၎င်းဖော်ထုတ် ပြဆိုလိုသော အချက်အလက်များကိ ပြည်ဖျက်မီဒီယာများ ဖော်ထုတ်၍ မရနိုင်။ စိတ်တူ ကိုယ်တူ ဖြစ်၍ အမျိုးသားရေးကို ရှေးရှုသူနှင့်သာ ဖော်ထုတ်၍ ရနိုင်မည်ဖြစ်ခြင်းကြောင့်လည်း ကျွန်တော်နှင့် ဆက်သွယ် တိုင်ပင်ခြင်းဖြစ်သည်ဟု ယူဆရာ၏။


ပုဂံ ဟူသည် ကျွန်တော်တို့ မြန်မာနိုင်ငံသားများ၏ အသဲနှလုံး ဖြစ်၏။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် စီးပွားရေးသမားများ၊ ခရိုနီများ ရုပ်ပျက်ဆင်းပျက် လုပ်ခဲ့သော လုပ်ရပ်များ ရှိသည်။ ဤသည်တို့ကို ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ဌာနက ပုဂ္ဂိုလ်များလည်း သိသည်။ သို့ပေသော် မပြောရဲ၊ မဆိုရဲ၊ မတားရဲကြ။ ခရိုနီများက အမေစုရဲ့ ထမိန်ခြုံများ၊ ဇော်မြင့်မောင်ကို ဘောမ နေသူများ ဖြစ်ခြင်းကြောင့် စီးပွားရေးသမားများ လုပ်ချင်ရာလုပ် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးက မျက်စိစုံမှိတ်နေပေးကြသည်။


ပုဂံအရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးဆက်စံ က ရေငုံနှုတ်ပိတ်ပြီး မနေနိုင်။ ခရိုနီများထံမှ တံစိုးလက်ဆောင်ယူ၍ ပုဂံကို ဖျက်ဆီးရမည့် အလုပ်ကို သူမလုပ်နိုင်။ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ဧဒင်ကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်မှစ၍ ခရိုနီကြီးငယ် အသွယ်သွယ်တို့က ဘုရားကို ခြံခတ်သိမ်းထားကြသည်။ အချို့ စေတီပုထိုး၊ ရုပ်ပွားဆင်တုတော်များ သွားရောက်ဖူးမျှော်ခွင့်မရ။ စီးပွားရေးသမားများ အဘယ်မျှ ယုတ်ကန်းသနည်း ဟု ဆိုပါမူ ဘုရားကို ရေကူးကန်ဘေးက ဖျော်ရေးရုပ်ပုံသဖွယ် အမြင်မတင့်တည်အောင် လုပ်ထားကြသည်များလည်း ရှိသည်။


ထိုထိုသော ကိစ္စရပ်များကို ကိုမျိုးဆက်စံက အထောက်အထား မှတ်တမ်းများနှင့် တကွ ဖွင့်ချပြလိုသည်။ ကျွန်တော် ဆက်သွယ်မေးမြန်း ဖော်ထုတ်ပေးခဲ့သည်။ ကိုမျိုးဆက်စံထံတွင် ပုဂံကို ဖျက်ဆီးခဲ့ကြသူတို့၏ မဖွယ်ရာသော လုပ်ရပ်မှတ်တမ်း အထောက်အထားများစွာရှိသည်။ နစက အစိုးရထံသို့လည်း တင်ပြထားပြီး ဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။ 

ထိုသို့ ဆက်သွယ်မေးမြန်း ဖော်ထုတ်ရင်းမှ ကိုမျိုးဆက်ဆံထံမှ သူ၏ ယုံကြည်ချက်ကို ဖွင့်ဟ တိုင်ပင်သည်။ ယနေ့ တိုင်ပြည်တွင် ကြုံတွေ့နေရသော အခက်အခဲများအတွက် ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့ကြသော၊ အောင်မြေဖြစ်သော ပုဂံပြည်မှ မင်းကောင်းမင်းမြတ်များကို ဦးထိပ်ပန်ဆင်သင့်ကြောင်း၊ ပုဂံကို တန်ဖိုးထားသည့် မင်းကောင်းမင်းမြတ်ကို အလိုရှိကြောင်း ဖွင့်ဟပြောဆိုတိုင်ပင်လာသည်။


ပုဂံကို ချစ်မြတ်နိုးသော သူ၏ ယုံကြည်မှုအရ ပုဂံပြည်တွင် ထီးနန်းစိုးစံခဲ့ကြသော တိုင်းပြု ပြည်ပြု သာသနာပြု မင်းကောင်းမင်းမြတ်များအား အထူးပြု၍ မြတ်စွာဘုရားရှင် အမှူးရှိသော ရဟန္တာမြတ်ကြီးများ၊ ရှင်အရဟံ အစရှိသော သံဃာတော်များ ကို အလှူအတန်းပြု၍ မင်းကောင်းမင်းမြတ်များကို အမျှအတန်းပေးဝေစေလိုကြောင်း၊ တိုင်းပြည်ကို ဦးဆောင်နေသည့် နစက အစိုးရအနေဖြင့် လုပ်ဆောင်သင့်ကြောင်း ဆွေးနွေးတိုင်ပင်၏။


ကျွန်တော်သည် အစိုးရအဖွဲ့ဝင်များနှင့် နီးစပ်သူမဟုတ်၊ ကိုမျိုးဆက်စံ ၏ ပုဂံအပေါ် တန်ဖိုးထား လေးစားသော စိတ်ဓာတ်ကို အလွန်အမင်း လေးစား၏။ ကိုမျိုးဆက်စံ ၏ အားတက်သရောရှိမှုသည် ကျွန်တော့်ကိုပါ ကူးစက်လာ၏။ ကျွန်တော်တို့ အမျိုးသားရေးလှုပ်ရှားသူများအနေဖြင့် မိမိတို့ မြန်မာ့သမိုင်းတွင် အထင်ကရဖြစ်သော အရာများကို မပစ်ပယ်သင့်ဟု ယူဆ၏။ သူသည် ပုဂံတွင် နေ၍ ပုဂံအရေးကို အားတက်သရော ဆောင်ရွက်လျက်ရှိရာ သူနှင့် ထပ်တူ မိမိတတ်စွမ်းသည့်ဘက်မှ ကူညီဆောင်ရွက်မည်ဟု စိတ်ပိုင်းဖြတ်ခဲ့သည်။ အမှန်တရားကို ဖော်ထုတ်ပြောဆိုခြင်းကြောင့် မကျေနပ်၍ တရားစွဲမည်၊ ဖမ်းဆီးမည်ဆိုလျှင်လည်း အတူခံရန်သာ ရှိ၏။ သူက အချက်အလက်များနှင့်တကွ ဖော်ထုတ်ပြောဆိုသည်ကို ကျွန်တော့်အနေဖြင့် မတင်ပြရဲစရာ ဘာအကြောင်းရှိမည်နည်း။ သို့အတွက်ကြောင့် သူကိုကူညီရင်း ပုဂံအရေးကို တတ်စွမ်းသည့် ဘက်မှ ပါဝင်ခဲ့ခြင်းဖြစ်သည်။


ကိုမျိုးဆက်စံ ပြောဆိုသော ပုဂံပြည်မှ မင်းကောင်းမင်းမြတ်များကို အထူးပြုပူဇော်ပွဲပြုလုပ်ရန်မှာမူ အစိုးရအဖွဲ့ဝင်များကို ပြောရန်မှာလည်း အမြင်မတူ၊ အယူအဆ မတူက မျက်နှာမရ၊ ခြေထောက်ရ ဖြစ်မည်။ သို့အတွက်ကြောင့် မတိုက်တွန်းပါ။ မပြောဆိုခဲ့ပါ။ တိုက်တွန်းပြောဆိုရလောက်အောင် နီးစပ်သူလည်း မရှိပါ။


သို့အတွက်ကြောင့် ကိုမျိုးဆက်စံအား မေးမြန်းလိုသည်။ ထိုကဲ့သို့သော လှူဒါန်းမှုမျိုးကို ကျွန်တော်တို့ ပြည်သူအနေနဲ့ရော လုပ်ဆောင်၍ မရဘူးလား။ မေးမြန်းသည့်အခါ ရတာပေါ့။ ကျွန်တော်တို့ လုပ်ရင် ကျွန်တော်တို့ ရတာပေါ့။ ကျွန်တော် လုပ်မယ် ရမလား။ အစစအရာရာ ကိုကြီးပဲ လုပ်ပေးမှ ရမှာ။ ကျွန်တော်တတ်နိုင်သလောက် အလှူငွေပဲ လှူဒါန်းပေးနိုင်မှာ။ ကိုမျိုးဆက်စံ က ဆောင်ရွက်ပေးမည့်အကြောင်း၊ ဆောင်ရွက်ရမည့် အစီအစဉ်များကို ပြောပြခြင်းကြောင့် အလှူငွေပေးပို့ လှူဒါန်း၍ ငါးကျိတ်ငါးပါးသော ပြည့်ရှင်မင်းများအား အထူးပြုပူဇော်ခြင်း ပြုနိုင်ခဲ့ပါသည်။


ထိုသို့လှူဒါန်းပူဇော်ရန် စိတ်အားထက်သန် ဖြစ်ရခြင်းအကြောင်းကို ကျွန်ုပ် ပြောဆိုလို၏။ ကျွန်ုပ်အနေဖြင့် ယနေ့တိုင်းပြည်တွင် ဖြစ်ပေါ်လျှက်ရှိသော ဆူပူအကြမ်းဖက်မှု၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို နိုင်ငံရေးမှိုင်းမိနေသည့် အစွန်းရောက် အကြမ်းဖက်သမားများက ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေမှုများကို လွန်စွာ ရွံမုန်းလာ၏။ ထိုသူများကို ခြေမှုန်းရန်မှာလည်း ကျွန်ုပ်တို့တွင် လက်နက်မရှိ။ ခြေမှုန်းရမည်ဆိုလျှင်လည်း ကိုယ့်တိုင်းရင်းသား ပြည်သူအချင်းချင်း ဖြစ်သဖြင့် မလုပ်လို။ ထိုထိုသော အကြောင်းတရားများက ရှိ၏။ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများအား လုပ်ကြံသတ်ဖြတ်နေသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများကို ခြေမှုန်းရန် တာဝန်ရှိသူတို့ကလည်း ပေါ့လျော့လျက်ရှိသည်ဟု ကျွန်ုပ်ယူဆ၏။ ထို့အတွက်ကြောင့် ကျွန်တော် သစ္စာပြုလို၏။ 


မြန်မာ့သမိုင်းအစဉ်အလာတွင် အထင်ကရဖြစ်သော ပုဂံပြည်ကြီးကို တည်ထောင်ခဲ့ကြသော မင်းကောင်းမင်းမြတ်များကို တိုင်တည်၍ သစ္စာပြုလိုခြင်းကြောင့် ကိုမျိုးဆက်စံအား ပူဇော်လှူဒါန်းပေးရန် အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်ကို ကိုမျိုးဆက်ဆံအား မေးမြန်းနိုင်ပါသည်။


မြတ်စွာဘုရားရှင် အမှူးပြုသော ရဟန္တာအရှင်သူမြတ်များအား ဦးထိပ်ထား၍ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးတို့ကို ငါးကျိတ်ငါးပါးသော ပုဂံပြည့်ရှင်မင်းအပေါင်းအား အမှူးထား၍ လှူဒါန်းပူဇော်ပါ၏။ ယနေ့ မြန်မာပြည်တွင် တည်ငြိမ်အေးချမ်းမှု ကင်းမဲ့လျက်ရှိ၏။ ထိုသို့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ကျွန်ုပ်တို့က လုပ်ဆောင်နေသည် ရှိသော် ကျွန်ုပ်တို့သည် သွားလေရာ၊ လာလေရာ ဘေးအမျိုးမျိုး ရန်အမျိုးမျိုး တွေ့ပါစေ။ PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကို ခံရပါစေ။ ထိုသို့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ခြင်း မရှိပါက မြန်မာနိုင်ငံ အမြန်ဆုံး တည်ငြိမ်အေးချမ်းပါစေ။ ထိုနည်းတူစွာ တိုင်းပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေသူများသည် ဘေးအမျိုးမျိုး ရန်အမျိုးမျိုးတွေ့ပါစေ။ မြန်မာ့မြေပေါ်မှ လွင့်စင်ပပျောက်ပါစေ ဟု သစ္စာပြုလိုခြင်းကြောင့် လှူဒါန်းပူဇော်ခဲ့ခြင်း ဖြစ်သည်။


ကိုမျိုးဆက်ဆံအနေဖြင့် မြတ်စွာဘုရားရှင် အမှူးပြုသော ရဟန္တရာအရှင်မြတ်ကြီးများအား ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ သစ်သီး တို့ကို ကပ်လှူပူဇော်၍ ဂုဏ်တော်ကိုးပါ၊ ပဋ္ဌာန်းမြတ်ဒေသနာတို့ကို ရွတ်ဖတ်ပူဇော်၍ ငါးကျိတ်ငါးပါးသော ပုဂံပြည့်ရှင်မင်းများအား အမျှအတန်း ပေးဝေ၍ သစ္စာတိုင်တည်ခဲ့ပြီးဖြစ်ပါသည်။ ကိုမျိုးဆက်စံနှင့် ထပ်တူ ကျွန်ုပ် အနေဖြင့်လည်း ထပ်ဆင့်သစ္စာပြုပါ၏။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်နေသူများ၊ အားပေးကူညီသူ၊ ထောက်ပံ့သူများ အသိမှန် အမြင်မှန် ရပါစေ။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေမှုများကို အမြန်ဆုံး အဆုံးသတ်နိုင်ကြပါစေ။ ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်နေမှုများကို ရပ်တန်းက ရပ်နိုင်ကြပါစေ။ သို့မဟုတ်ပါက တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေသူများ ဘေးအမျိုးမျိုး ရန်အမျိုးမျိုးတွေ့၍ မြန်မာ့မြေပေါ်မှ လွင့်စင်ပပျောက်ပါစေသတည်း။ 

(ကျွန်ုပ်အနေဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေသူ ဖြစ်ပါက ကျွန်ုပ် ဘေးအန္တရာယ်အမျိုးမျိုး တွေ့ပါစေ။ မြန်မာ့မြေပေါ်မှ လွင့်စင်ပပျောက်ပါစေသတည်း။ ကျွန်ုပ်အနေဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ခြင်း မရှိပါက မြန်မာပြည် အမြန်ဆုံး တည်ငြိမ်အေးချမ်းမှု ရပါစေသား။)


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages