MNP ၊ ဇူလိုင် ၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့အင်္ဂါရပ် နှင့်အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှု ရှိစေရေး အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ၊ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင် ရာများ နှင့် ပြည်သူများက အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်း ၊ ဗဟိုလ်ကျောင်းတိုက် ၊ နာရီစင်ခွဆုံမှ လမ်းမ ကြီးတစ်လျှောက် ယနေ့ နံနက် ၇ နာရီအချိန်က စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်ဝင်းထွဋ် နှင့် ဦးဦးခင်မောင် ၊ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာများ ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ဝင်များ ၊ မီးသတ် တပ်ဖွဲ့ဝင်များ ၊ တပ်မတော်သားများ ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ၊ ဆရာမများ ၊ ပြည်သူ များ စုစုပေါင်း အင် အား ၂၂၀ ခန့်က အဖွဲ့များခွဲကာ အမှတ်(၁) အခြေခံ ပညာ မူလတန်း လွန်ကျောင်း နှင့် ဗဟိုလ်ကျောင်းတိုက် ခြံဝင်း အတွင်း ရှိ မြက်ပင် ၊ ပေါင်ပင်၊ ၊ ချုံနွယ် များ အား သန့်ရှင်း သာယာလှပစေရေး အတွက် ခုတ်ထွင်ရှင်း လင်းပြီး ရေမြောင်း အတွင်းရှိ အမှိုက်သရိုက် များ ကို လည်း ဆယ်ယူခြင်း ၊ တံမြက်စည်းလှဲခြင်း စသည့်တို့ကို စုပေါင်း သန့်ရှင်း ရေး ပြုလုပ် ခဲ့ကြပြီး နာရီစင်ခွဆုံမှ လမ်းမ ကြီးတစ်လျှောက် လမ်းဘေး ဝဲယာတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ စည်ပင်သာယာရေးအဖွဲ့ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ ပြည်သူ များ နှင့် တာဝန်ရှိသူများက ပလက်စတစ်အမှိုက်များ၊ စွန့်ပစ်အမှိုက်များ ကို ကောက်ယူပြီး စည်ပင် သာယာရေး အဖွဲ့က အမှိုက်သိမ်း ကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - အောင်ကျော်စိန်၊ သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment