MNP ၊ ဇူလိုင် ၃၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ယနေ့နံနက်၇နာရီက တြိဂံလမ်းဆုံမှ ပေါက်တော-မင်းပြားလမ်းဘေးဝဲယာတစ်လျှောက် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များကကြီးကြပ်ကြပြီး မြို့နယ်ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တြိဂံလမ်းဆုံမှ ပေါက်တော-မင်းပြားလမ်းဘေးဝဲယာတစ်လျှောက် ချုံနွယ်ပိတ်ပေါင်းများအားရှင်းလင်းခြင်း၊ အမှိုက်များကောက်ခြင်းစသည့် သန့်ရှင်းရေးများပြုလုပ်ခဲ့ကြသည်။
ထို့သို့မြို့သန့်ရှင်းသာယာလှပရေးစုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ခြင်းလုပ်ငန်းများကိုအပတ်စဉ် (စနေ)နေ့တိုင်းဆောင်ရွက်လျက်ရှိကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment