MNP - ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ သော်ကဆောင် ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ဟောပြောပွဲ ကျင်းပပြုလုပ်ကြ သည်။
အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်းမှ တစ်ကိုယ်ရည် ကျန်းမာရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျင့်ကြံလိုက်နာလုပ်ဆောင်ကြရန် ဆောင်ရန်၊ ရှောင်ရန်အချက် အလက်များအား ရှင်းလင်းပြောကြားပြီးနောက် ကျန်းမာရေး ဆရာမ ဒေါ်သင်းသင်းခိုင်မှ ကျောင်းကျန်းမာရေး ဆောင်ရွက်ပေးမည့် အသေးစိတ်အစီအစဉ်များ ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါတ်တာသန့်ဇင်နှင့် ဆရာမ ဒေါ်သင်းသင်းခိုင်နှင့် ဆရာမတို့က ကျောင်းသား၊ ကျောင်းသူများအား သွားကျန်းမာရေး စစ်ဆေးပေးခြင်း၊ အထွေထွေရောဂါ စမ်းသက်ရှာဖွေကုသပေးခြင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြခြင်းအား အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးနိုင်ဦးက ကျေးဇူးတင် ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment