အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) တွင် ဌာနဆိုင်ရာများ ပြည်သူများနှင့် တပ်ရင်း တပ်ဖွဲ့များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) တွင် ဌာနဆိုင်ရာများ ပြည်သူများနှင့် တပ်ရင်း တပ်ဖွဲ့များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်


49


MNP - ဇူလိုင်   ၃၀


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ပြည်သူများ၊ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့ဝင်မိသားစုများ ပူးပေါင်း ပါဝင်သော စုပေါင်းသန့်ရှင်ရေးကို ယနေ့နံနက် ၇ နာရီခွဲအချိန်က အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း (ကျောက်ပန်းတောင်း) တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။


မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင် ကောင်းများရရှိစေ ရန်ရည်ရွယ်၍ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများအင်အား (၂၁၂)ဦး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဆွေနှင့် ဌာနမှူးများ၊နည်းပြများ၊ ကျောင်းသား/ကျောင်းသူ များအင်အား (၁၃၅) ဦးနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိ/ အကြပ်/ စစ်သည်နှင့် မိသားစုဝင်များ အင်အား (၁၂၀) ဦး၊ စုစုပေါင်းအင်အား (၄၆၇) ဦးဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) ကျောင်းဝန်းအတွင်းရှိ စာသင်ဆောင်များအနီးဝန်းကျင်၊ လျှပ်စစ်ဌာန၊ မြို့ပြဌာန လက်တွေ့လုပ်ငန်းဆောင်များအနီးဝန်းကျင်၊ ပုပ္ပားဆောင်နှင့်အဆောင် (D) အနီးဝန်းကျင်ရှိ ခြုံနွယ်ပိတ်ပေါင်းများ၊ သစ်ပင်သစ်ကိုင်းခြောက်များ ကိုခုတ်ထွင်ရှင်းလင်းခြင်း၊ မီးရှိုခြင်း၊ မြို့နယ်စည်ပင်သာယာအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် သတ်မှတ်အမှိုက်ကျင်းသို့ ပို့ဆောင်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ရာသို့ ကျောက်ပန်းတောင်း တပ်နယ်မှူးဗိုလ်မှူးကြီး ဟိန်းဆက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဆွေတို့က လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages