ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ

 

10




MNP - ဇူလိုင်   ၂၂


ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ အမှတ် (၄၇) ရပ်ကွက်ဓမ္မာရုံ၊ အမှတ် (၅၀) ရပ်ကွက် ဒေသန္တရကျန်းမာရေးဌာန၊ (၃၈) ရပ်ကွက် မင်္ဂလာအေးကျောင်းတိုက်နှင့် ACE၊ ခေတ်သစ်စံ၊ စံမြင့်မော်ကိုယ်ပိုင်ကျောင်းတို့တွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီလွှမ်းခြုံနိုင်ရန်  ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရ သေးသည့် ပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့‌ကြောင်း သိရသည်။


အဆိုပါ ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးနှံသူ (၄၇) ရပ်ကွက်၊ ဓမ္မာရုံတွင် (၂၄၅) ဦး၊  (၅၀)ရပ်ကွက် ဒေသန္တရကျန်းမာ‌ရေးဌာနတွင် (၁၄၅) ဦး၊ (၃၈) ရပ်ကွက်၊ မင်္ဂလာအေးကျောင်းတိုက်တွင် (၄၆၅) ဦး၊ စုစုပေါင်း (၈၅၅) ဦးတို့အား Myancopharm နှင့် Covishield ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ပြီး AEC၊ ခေတ်သစ်စံ၊ စံမြင့်မော်စသည့်ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၃၅၂) ဦးအား ဒုတိယအကြိမ် Sinopharm ကာကွယ်‌ဆေးကို ကျန်းမာရေးဝန်ထမ်းများက  ထိုးနှံ‌ပေးခဲ့သည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်ကြက်ခြေနီ အသင်းဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများမှ လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဝိုင်းဝန်း၍ လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။


သတင်း - မြင့်မြင့်ရီ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Pages