ကျောက်တန်းမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာန၏မှ ကျေးရွာမြစိမ်းရောင် (ငါးကဏ္ဍ) ဆဋ္ဌမနှစ်စက်ဝန်း ချေးငွေများပြန်လည်ထုတ်ချေးပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျောက်တန်းမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာန၏မှ ကျေးရွာမြစိမ်းရောင် (ငါးကဏ္ဍ) ဆဋ္ဌမနှစ်စက်ဝန်း ချေးငွေများပြန်လည်ထုတ်ချေးပေး

49



MNP - ဇူလိုင်  ၂၃


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှကျေးရွာမြစိမ်းရောင်(ငါးကဏ္ဍ) ဆဋ္ဌမနှစ်စက်ဝန်း ချေးငွေများကိုအတိုးအရင်းပေးဆပ်ပြီးဖြစ်၍ ပြန်လည်ချေး ငွေထုတ်ပေးပြီး စာချုပ်ချုပ်ဆိုခြင်းကို ယမန်နေ့မွန်းလွဲ၁နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။


အဆိုပါချေးငွေထုတ်ချေးပွဲတွင် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်ဝင်းက ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လိုက်နာရမည့်အချက်များကိုရှင်းလင်းဆွေးနွေးပြီး တော်ကလုတ်ကျေးရွာနေ ငါးမွေးမြူသူ ၁၃၇ ဦးအား စုစုပေါင်းကျပ်ငွေ ၆၂၆၀၀၀၀၀ အားပြန်လည်ထုတ်ချေးပေးခဲ့ပြီး စာချုပ်ချုပ်လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။


သတင်း - အိသန္တာချို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages