မင်းဘူးခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးသည့် ခရိုင်အဆင့် အမှတ်ပေးအကဲဖြတ် ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မင်းဘူးခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးသည့် ခရိုင်အဆင့် အမှတ်ပေးအကဲဖြတ် ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်


15


MNP - ဇူလိုင်   ၃၀


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အဆင့် (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ခရိုင်အဆင့် အမှတ်ပေးအကဲဖြတ် ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီးတင့်ကျော်တို့က မင်းဘူးခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ပေးခဲ့ကြသော အဖွဲ့အစည်းအသီးသီးနှင့် ခရိုင်/မြို့နယ်အဆင့် ကော်မတီအဖွဲ့ဝင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ပြိုင်ပွဲဝင်များနှင့်အဖွဲ့အစည်းအားလုံးက တက်ညီ လက်ညီဖြင့် ဆောင်ရွက်ခဲ့ကြသည့်အတွက် မင်းဘူးခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဟာ ယခုလို အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်ခဲ့သည့်အတွက် ဝမ်းသာပီတိဖြစ်မိပါကြောင်း၊ ဆက်လက်ပြီး တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲအတွက် ထပ်မံစိစစ်ရွေးချယ်၍ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပါကြောင်း ပြောကြားပြီးနောက် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့(အဖွဲ့ဝင်)၊ မင်းဘူးခရိုင်အဆင့် ဆိုကရေးတီးပြိုင်ပွဲ ဘဏ္ဍာရန်ပုံငွေရှာဖွေရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်သိန်းက ပြိုင်ပွဲအတွက် ရန်ပုံငွေရှိမှုနှင့် သုံးဆွဲမှုမှတ်တမ်းအသေးစိတ်အား ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက်  မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးသည့် ခရိုင်အဆင့် အမှတ်ပေးအကဲဖြတ် ဒိုင်အဖွဲ့ဝင် (၅) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။


အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ မင်းဘူးခရိုင်/မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်အဆင့် အမှတ်ပေးအကဲဖြတ် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Pages