ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးမျာသည်း ဖားကန့်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများ၊ ကျောက်မျက်လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးမျာသည်း ဖားကန့်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများ၊ ကျောက်မျက်လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 





MNP - ဇွန်   ၃၀


ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန်လ ၂၉ ရက် နံနက်(၈)နာရီက ဖားကန့်မြို့နယ် လုံးခင်း-ဖားကန့် တူးဖော်ရေးဌာနရှိ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပြီး လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးများက ဒုတိယအထွေထွေမန်နေဂျာ ဦးသုဝဏ်က လုံးခင်း-ဖားကန့် ရတနာနယ်မြေနှင့်ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ လုပ်ငန်းဆောင် ရွက်ရာတွင် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ ဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးများနှင့် အဖွဲ့ဝင်များသည် လုံးခင်း‌ကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအတွင်း သီရိရတနာစိမ်းဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်ဦးစီး၍ အလှူရှင်များ စုပေါင်းဆောင်ရွက်မည့် အရှည်ပေ(၄၂၀၀)၊ အကျယ်(၁၈)ပေရှိ  ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်ရှိ မြို့နယ်ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ပြီး  ဆေးရုံအတွင်း ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။


ယင်း‌နောက်  ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပြီး ဖားကန့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က သဘာဝဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် စီမံဆောင်ရွက်မှုအခြေအနေများ၊ ဒေသဆိုင်ရာအချက်အလက်များနှင့်  တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများက ဒေသအတွင်း လိုအပ်ချက်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက တင်ပြဆွေးနွေးမှုများအပေါ်  လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ မြို့မရပ်ကွက်၊ ကာလီချောင်အပိုင်း၌ ဇွန်လ(၅)ရက်နေ့က မြေစာလျောကျမှု ဖြစ်စဉ်ကြောင့် လူနေအိမ်အတွင်း မြေစာများဝင်ရောက်ခဲ့သည့် ဦးလဂျိုရော်အား ကချင်ပြည်နယ် အစိုးရအဖွဲ့မှ  ထောက်ပံ့ငွေအား လူမှု‌ရေးရာဝန်ကြီးက ထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် မြို့နယ်ကျောက်မျက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံက ဖားကန့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းသည် မော်ဝမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား သွားရောက်တွေ့ဆုံအားပေးကာ ကျောင်းဝင်းအတွင်း စာသင်ဆောင်နှင့် မြေထိန်းနံရံ တည်ဆောက်ပေးနိုင်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။


အလားတူ ပြည်နယ်သယံဇာတရေးရာဝန်ကြီးသည် ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ မြို့နယ်ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်ဦးစီးမှူး ဦးသက်လွင်ဦး၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး မြို့နယ်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို ပြည်နယ်ညွှန်ကြားရေးမှူးနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ဆိပ်မူ‌ကျေးရွာအုပ်စု၊ တောင်ကော - ကောင်ဆန် - ဆိပ်မူ‌ ကျေးရွာချင်းဆက်လမ်း ပြုပြင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံး၌ အမှုဆောင်အရာရှိ ဦးဝင်းနိုင်၊ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံပြီး မြို့နယ်အတွင်း ဘဏ္ဏာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် စည်ပင်သာယာရေးအဖွဲ့ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက ပြည်သူများအတွက် အဓိကကျပြီး အမှန်တကယ်အကျိုးဖြစ်ထွန်းမည့် လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် လျာထားရေးဆွဲဆောင်ရွက်သွားနိုင်ရေးတို့ကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)