မိုးညိုမြို့နယ်၊ မိုးသစ္စာကျေးရွာအနီးရှိ မြစ်မခမြစ် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မိုးညိုမြို့နယ်၊ မိုးသစ္စာကျေးရွာအနီးရှိ မြစ်မခမြစ် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်

53


MNP - ဇူလိုင်   ၂၂


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မိုးသစ္စာကျေးရွာအနီးရှိ မြစ်မခမြစ်သဘာဝရေပြင်အတွင်း မြို့နယ်ငါးမျိုးစိုက်ထည့်မှုကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ အစီအစဉ်ဖြင့် (၂)လက်မအရွယ် ငါးသားပေါက်များအား ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


မြိုနယ်ငါးမျိုးစိုက်ထည့်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီအနေဖြင့် ရေရှည်စဉ်ဆက်မပြတ် ငါးရိက္ခာရရှိရေး၊ သဘာဝရေပြင်များအတွင်း ငါးမျိုးများပြန့်ပွားကာ ငါးအထွက်နှုန်းတိုးတက်စေရေး၊ ကျေးလက်နေပြည်သူများ ငါးရိက္ခာဖူလုံမှုရှိစေရေးအတွက် သဘာဝရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်းဖြစ်ကြောင်း သိရသည်။


ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးမျိုးစိုက်ထည့်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးဦးထွန်းထွန်းဦးနှင့်ဝန်ထမ်းများ ဌာနဆိုင်ရာတာဝန်ရှိသူများ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခက်ခက်အောင်နှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများစုပေါင်း၍ (၂)လက်မအရွယ် ငါးခုံးမကြီးသားပေါက်ကောင်ရေ(၁၅၀၀၀၀)၊ ငါးမြစ်ချင်းသားပေါက်ကောင်ရေ(၁၀၀၀၀၀)နှင့် ရွှေဝါငါးကြင်းသားပေါက်ကောင်ရေ(၅၀၀၀၀) စုစုပေါင်းကောင်ရေ(၃၀၀၀၀၀)အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages