MNP ၊ ဇူလိုင် ၃၀
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် မြို့သန့်ရှင်းသာယာလှပရေး၊ ပတ်ဝန်း ကျင် စိမ်းလန်းစိုပြေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံဝန်းရှေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ အရာရှိ နှင့် တပ်ဖွဲ့ ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိနှင့် တပ်ဖွဲ့ ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများက ကုတင်(၅၀)ဆန့် မြို့နယ်ပြည်သူ့ဆေးရုံရှေ့ရှိ မြက်ပင်များ၊ အမှိုက်သရိုက်များအား ရှင်းလင်းခြင်း၊ သစ်ကိုင်းများ ခုတ်ထွင်ခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခြင်းခဲ့ကြပြီး ထွက်ရှိလာသည့်အမှိုက်များအား စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment