အိမ်မဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ (၃) ဦးရှိကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ (၃) ဦးရှိကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

 





MNP - ဇူလိုင်   ၂


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ထိန်ငူကျေးရွာအုပ်စု မာလကာကုန်းကျေးရွာမှ ကလေးငယ်(၃) ဦး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသောကြောင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ရောဂါဖြစ်ပွားသည့်အိမ်နှင့် ကိုက်(၃၀၀)အတွင်းရှိ နေအိမ်များတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ ညနေ ၃ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ယင်းလုပ်ငန်းများကို အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်၊ ကြက်ခြေနီသူနာပြုအသင်းတို့မှ စုပေါင်း၍ မာလကာ ကုန်းကျေးရွာမှ ရပ်မိ၊ ရပ်ဖများဖြင့် ညှိနှိုင်းဆွေးနွေးခြင်း၊ ရောဂါဖြစ်ပွားရာ အရင်းအမြစ်ကိုရှာဖွေခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ တစ်အိမ်တက်ဆင်း ဖျားနာလူနာရှာဖွေ၍ သွေးလွန် တုပ်ကွေးရောဂါ လက္ခဏာရှိလျှင် ဆေးရုံသို့ ပို့ဆောင်ပြီးကုသခြင်း၊ ကျန်းမာရေးပညာပေးခြင်း အစရှိသည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


“မာလကာကုန်းကျေးရွာမှာ ပြီးခဲ့တဲ့(၅)လပိုင်းကလည်း သွေးလွန်တုပ်ကွေးရောဂါ (၁) ဦး ဖြစ်ပွားခဲ့ပါတယ်။ ယခုဖြစ်ပွားတာကတော့ အသက်(၉)နှစ်အရွယ် (မ)တစ်ဦး၊ (၈)နှစ်အရွယ် (မ) တစ်ဦးနဲ့ အသက် (၄)နှစ်အရွယ် (ကျား) တစ်ဦးတို့ဖြစ်ပါတယ်။ လူနာ (မ)နှစ်ဦးကတော့ ပုသိမ်ဆေးရုံကြီး တွင် တက်ရာက်ကုသလျက်ရှိပြီး (ကျား)လူနာကတော့ အိမ်မဲဆေးရုံမှာပါ။ (၃)ဦးစလုံး အခြေအနေကောင်းမွန်ကြောင်း” မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးပြောပြချက်အရ သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)