MNP - ဇူလိုင် ၂၇
စားနပ်ရိက္ခာဖူလုံရေးကိုရှေးရှုပြီး ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရန် တောင်သူများဝင်ငွေတိုးတက်ရရှိစေနိုင်သည့် သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ပြီး ပြည်တွင်း ပြည်ပဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် သီးနှံများနှင့်စက်မှုကုန်ကြမ်း သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး မျှော်မှန်းချက်ဖြင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိတောင်သူများ နေကြာသီးနှံ စိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်း အကျိုးအမြတ်များရရှိပြီး ဒေသတွင်းစားသုံးဆီ ဖူလုံနိုင်စေရန်အတွက် ယနေ့ နံနက်တွင် (ခရိုက်ဒူးကျေးရွာနှင့် မွန်းလွဲပိုင်းတွင် ခရိုက်နှီးဟုကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးတွင် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနတို့ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဆွေးနွေပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးကျော်လွင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ချောစုလှိုင်တို့က ဆီထွက်သီးနှံနေကြာစိုက်ပျိုးခြင်းဖြင့် တောင်သူများအတွက် အချိန်တိုအတွင်း အကျိုးအမြတ်ရရှိစေနိုင်ကြောင်း နေကြာသည် စိုက်ပျိုးရန် အထူးသင့်တော်သည့် ဆီထွက်သီးနှံဖြစ်ကြောင်းနှင့် စိုက်ဧကတိုးချဲ့ စိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ပိုးမွှားရောဂါ ကာကွယ်နည်းနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများအား နည်းပညာပေးဆွေးနွေးခဲ့သည်။
တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို (ကမာကေး၊ ကွမ်လှာ၊ သက္ကော၊ ခရိုက်သစ်၊ မရမ်း ကုဘားဘီ ကရင်ဝင်းစိန်၊ နတ်မှော်၊ ခရိုက်ဒူး၊ ခရိုက်နှီးဟု) ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ကျန်ကျေးရွာများ၌လည်း ဇူလိုင်လကုန်အထိ ဆက်လက်၍ ကွင်းဆင်းပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် ယခင်ဆီထွက်သီးနှံနေကြာစိုက်ပျိုးထုတ်လုပ်မှု လျာထားချက် ဧကထက်ကျော်လွန်ပြီး (၈၅၂)ဧကကို စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုလာမည့် ရာသီတွင် ဆီထွက်သီးနှံနေကြာစိုက်ဧကကို (၃၁၀၀)ဧက စိုက်ပျိုးရန်လျာထားကြောင်းနှင့် ယခုနှစ်တွင်လည်း လျာထားဧကထက် ကျော်လွန်အောင်စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် ပူးပေါင်းဆွေးနွေးပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦစီးဌာနမှ သိရသည်။
သတင်း - ဇာဇာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment