သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်း (၁၀၂၃)ဦးတို့၏ ပင်စင် လစာငွေများ ပုံမှန်ထုတ်ပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်း (၁၀၂၃)ဦးတို့၏ ပင်စင် လစာငွေများ ပုံမှန်ထုတ်ပေး

         6

MNP - ဇူလိုင်  ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ် (၂၁)ရက်နေ့မှ စတင်၍ ပုံမှန်လစဉ်တိုင်း ထုတ်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ထုတ်ပေးလျက်ရှိသည်။


သာပေါင်းမြို့နယ်တွင် ကာကွယ်ရေးပင်စင်စား (၂၇၅)ဦး၊ နိုင်ငံရေး ပင်စင်စား(၁၄၃)ဦး၊ မြို့ပြ ပင်စင်စား (၅၉၇)ဦး၊ ဘဏ်ဝန်ထမ်း ပင်စင်စား(၈)ဦး စုစုပေါင်း (၁၀၂၃)ဦးရှိပြီး ကျန်းမာရေး ချို့ယွင်းတဲ့ အငြိမ်းစား သက်ကြီး ပင်စင်စားများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ် တကျ ထုတ်ပေးလျက် ရှိနေပါကြောင်း နှင့် ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့မှ လစာမထုတ်မီ တစ်ရက်အလိုရက်နေ့အထိ နံနက်(၈)နာရီမှ စတင်၍ လာရောက်ထုတ်ယူလျက်ရှိပြီး ကျန်ရှိသူများကို အစိုးရရုံးပိတ်ရက်များမှ ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်မန်နေဂျာ ဒေါ်အေးအေးနိုင် ထံမှ သိရသည်။


သတင်း - မျိုးဇော်သိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages