မော်လမြိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အုတ်တံတိုင်းပြိုကျမှုဖြစ်ပွား (၅)ဦး သေဆုံးပြီး၊ (၁)ဦး ဒဏ်ရာရ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မော်လမြိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အုတ်တံတိုင်းပြိုကျမှုဖြစ်ပွား (၅)ဦး သေဆုံးပြီး၊ (၁)ဦး ဒဏ်ရာရ

 

101

MNP - ဇူလိုင်   ၂၂


မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်၊ မာလာဝင်း၊ တောင်ရိုးတန်းလမ်းတွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  အထက(၅)ကျောင်း၏ အုတ်တံတိုင်း ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားရာနေရာသို့ မွန်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးနှင့် မော်လမြိုင်ခရိုင်နှင့် မြို့နယ်မီးသတ်စခန်းများမှ အုပ်ချုပ်မှုယာဉ်(၂)စီး၊ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ အဖြူရောင်တွဲလက် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ရွှေတောင်ရပ်ကွက် လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ ရာမညလူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များဖြင့်ပူးပေါင်း၍ ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ ဖြစ်စဉ်ကြောင့် အုတ်တံတိုင်းအနီး လက်ဖက်ရည်ဆိုင်ရှိ ၅ ဦး သေဆုံးခဲ့ပြီး၊ တစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အား လူမှုကယ်ဆယ်ရေးအသင်းမှယာဉ်များဖြင့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့  ပို့ဆောင်ပေးခဲ့သည်။ မြေပြိုမှု ဖြစ်ပွားရာနေရာသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages