တွံတေးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိရေးသင်ကြားပေးသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တွံတေးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိရေးသင်ကြားပေးသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

81


MNP - ဇူလိုင်   ၂၇


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင်  တက္ကသိုလ်ဝင် စာမေးပွဲ၌ ဂုဏ်ထူးရထူးချွန် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိစေရန် သင်ကြားပို့ချပေးခဲ့ကြသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။


ဆုပေးပွဲ အခမ်းအနားတွင် အ.ထ.က(၁)မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဖျော်ဖြေသီဆိုဖွင့်လှစ်ပြီး တွံတေးခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းက အဖွင့်အမှာစကားပြောကြားပြီး တွံတေးမြို့နယ် အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်မြချိုက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ (၈၀၄) ဦးရှိပြီး အောင်မြင်သူ (၃၃၂) ဦးရှိသည့်အတွက် မြို့နယ်အနေဖြင့် အောင်ချက် ရာခိုင်နှုန်း (၄၁.၂၉) ရာခိုင်နှုန်းအောင်မြင်ကာ ငါးဘာသာဂုဏ်ထူးရှင် (၂)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၇)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၅)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၈၂) ဦး စုစုပေါင်းဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သူ (၁၀၇)ဦး၊ ထူးချွန်အောင်သင်ကြားပို့ချပေးသော ဆရာ၊ ဆရာမ (၄၃) ဦးရှိကြောင်း ပြောကြား ခဲ့သည်။


ဆက်လက်၍ မြို့နယ်ဆုချီးမြှင့်ရေးကော်မတီဝင် ဆရာမကြီး ဒေါ်အေးအေးမော်က ဆုချီးမြှင့်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်တွင် ထူးချွန်စွာ ဂုဏ်ထူးဖြင့်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိစေရန် သင်ကြားပို့ချပေးသော ဆရာ၊ဆရာမများအား တွံတေးခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့် ပေးခဲ့ကြကြောင်း သိရသည်။ တွံတေးမြို့နယ်တွင် အောင်ချက်အကောင်းဆုံး ပထမဆုကို အ.ထ.က(ခွဲ)တန်းလျားလေး၊ ဒုတိယဆုကို အ.ထ.က ချောင်းမကြီး၊ တတိယဆုကို အ.ထ.က( ခွဲ) မယ်ပြေ တို့ကရရှိခဲ့သည်။


ဆက်လက်၍ အ.ထ.က(၁) မှ ၅ ဘာသာဂုဏ်ထူးရှင် မသင်းသန္တာဆုက ဆုရကျောင်းသားများ ကိုယ်စားကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ တွံတေးမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာတွင် ဂုဏ်ထူးရရှိသူ (၂၂) ဦး၊ သင်္ချာ (၃ ) ဦး ၊ ဓာတု ( ၁၁) ဦး၊ ရှုပ (၉) ဦး၊ ဇီဝ (၃၈) ဦး၊ ပထဝီ (၃) ဦး၊ သမိုင်း (၂) ဦး နှင့် ဘောဂ (၅၉) ဦး ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင့်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် အထ.က (၂) မှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဆုပေးပွဲကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - မျိုးလှိုင်     


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages