MNP - ဇူလိုင် ၂၇
မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ အစည်းအဝေးခန်းမ၌ ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ အောင်မြေသာစံခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ရွှေ၊ အမှတ် ၃ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ခွဲမှ ဒုရဲမှူးကြီးမျိုးဆွေ၊ အမှတ် ၁၁ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးတပ်ဖွဲ့စုမှူး ရဲမှူးခင်မောင်သိန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ် (၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ခွဲမှဒုရဲမှူးကြီးမျိုးဆွေက သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး အမှတ် ၁၁ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှူးရဲမှူးခင်မောင်သိန်းက လူကုန်ကူးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်း - ခင်စိမ်းဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment