မော်လမြိုင်ကျွန်းမြိုနယ်တွင် ကျွန်းသစ်များဖမ်းစီးရမိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မော်လမြိုင်ကျွန်းမြိုနယ်တွင် ကျွန်းသစ်များဖမ်းစီးရမိ

009

010

MNP ၊ ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင်(၂၄)ရက် နံနက် (၈)နာရီ အချိန်ခန့်တွင် ကျွန်းသစ်များတင်ဆောင်လာသော သင်္ဘော(၂)စီးအား ဖမ်းစီရမိကြောင်းသိရသည်။

 ယင်းသို့ ဖမ်းစီးရာတွင် မော်လမြိုင်ကျွန်းမြို့နယ် ထိယာလိကျေးရွာအုပ်စု၊ ထိယာလိချောင်းအတွင်း မသင်္ကာဖွယ်သစ်စက်လှေ(၂)စင်းအား မောင်းနှင်သွားကြောင်း နယ်မြေခံပြည်သူများမှအသိပေးချက်အရ  မြို့နယ်သတင်းတပ်ဖွဲ့များနှင့်သစ်တောဦးစီးဌာနမှ တောခေါင်းများပူးပေါင်းအဖွဲ့သည်သတင်းရရှိသောနေရာသို့ ပဲ့ထောင်ရေယာဉ်ဖြင့် လိုက်လံရှာဖွေရာ ထိယာလိချောင်းကမ်းစပ်အတွင်း ဆိုက်ကပ်ထားသည့် မသင်္ကာဖွယ်သစ်စက်လှေ(၂)စီအား  ပိုင်ရှင်မဲ့ ရှာဖွေတွေ့ရှိခဲ့ပြီးသဘေ်ာအတွင်းရှိ အလျား (၈၀)ပေခန့်၊ အနံ (၁၅)ပေခန့်၊ စောက် (၈)ပေခန့်ရှိ သစ်သားကိုယ်ထည် Nissan (၆)လုံးထိုး ဒီဇယ်အင်ဂျင်တပ်စက်လှေပေါ်တွင် ကျွန်းသစ်ကွဲယားသစ်တန် (၄၀)ခန့်၊ အလျား (၇၀)ပေခန့်၊ အနံ (၁၅)ပေခန့်၊ စောက် (၇)ပေခန့်ရှိ သစ်သားကိုယ်ထည် Nissan (၂)လုံးထိုး ဒီဇယ်အင်ဂျင်တပ်စက်လှေပေါ်တွင် ကျွန်းသစ်စကွဲယားသစ်တန် (၃၀)ခန့် စုစုပေါင်းကျွန်းသစ်(စကွဲယား) လုံးရေ (၁၆၀)၊ တန်ချိန်(၂၃.၇၇၇) တန်တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

သင်္ဘော(၂)စီးနှင့်ကျွန်းသစ်များကို မြို့နယ်သစ်တော ဦးစီးဌာနသို့သယ်ယူခဲ့ပြီးဆက်လက်၍ မြို့နယ်သစ်တောဌာနမှ ကျွန်းသစ်များသယ်ဆောင်လာသော ပိုင်ရှင်၊ ယာဉ်မောင်းနှင့် လုပ်သားများကို ဖမ်းစီးနိုင်ရေး အတွက် မြို့နယ်ရဲစခန်းတွင်အမူဖွင့်ထားကြောင်း မြို့နယ်သစ်တောဦးစီဌာန မှသိရသည်။


သတင်း - ထွန်းထွန်းနိုင် မော်ကျွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages