ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစမ်းသပ်ရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းမော်တော်ယာဉ်အား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

demo-image

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစမ်းသပ်ရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းမော်တော်ယာဉ်အား ကြည့်ရှုစစ်ဆေး

 

65


MNP - ဇူလိုင်   ၃၀


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့၊ ကုတင် ၅၀၀ ဆံ့အထွေထွေရောဂါကု ဆေးရုံးကြီး၌ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစမ်းသပ်ရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းမော်တော်ယာဉ်အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထိုသို့သွားရောက် ကြည့်ရှုစစ်ဆေးရာ စစ်တွေမြို့အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်လွင်နှင့် တာဝန်ရှိသူများက ယဉ်ပေါ်တွင် တပါတည်းတပ်ဆင်ထားသော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းသုံးပစ္စည်း ကိရိယာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ဓာတ်ခွဲခန်းမော်တော်ယာဉ်အား ဆက်လက်ပို့ဆောင်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။


ဓာတ်ခွဲခန်းမော်တော်ယာဉ်မှာ မောင်တောခရိုင် ပြည်သူ့ဆေးရုံးတွင်ထားရှိ အသုံးပြုနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှပေးပို့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ RT-PCR စနစ်ဖြင့် စစ်ဆေးဓာတ်ခွဲ စမ်းသပ်မည့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲခန်းမော်တော်ယာဉ်ဖြစ်သည်။


အဆိုပါ ဓာတ်ခွဲခန်းမော်တော်ယာဉ်အား တပ်မတော်ရေယာဉ်ဖြင့် သယ်ဆောင်လာရာ ယမန်နေ့က စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages