အိမ်မဲမြို့နယ် အ.ထ.က(၂)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အိမ်မဲမြို့နယ် အ.ထ.က(၂)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

16


MNP - ဇူလိုင်   ၁၉


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂) ပညာ့ဗိမာန်ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၁ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်နှင့်ရည်မှန်းချက် လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးက လူငယ်နှင့် ခေါင်းဆောင်မှု၊ စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဦးလေးလွင်က လူငယ်နှင့် စာသုံးသူရေးရာအသိပညာပေး ခေါင်းစဉ်များဖြင့် အသီးသီး ဟောပြောခဲ့ရာ  အ.ထ.က(၂) ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်က လာရောက်ဟောပြောပေးသော ဌာနဆိုင်ရာ များအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။


ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ် ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေး နံရံကပ် စာစောင်၊ မူးယစ်အန္တရာယ် ပြည်ရန်စွယ် ကာကွယ်တိုက်ဖျက်ပြည်သူ့အတွက် နံရံကပ်စာစောင်များ၊ အာဇာနည်နေ့နှင့် သက်ဆိုင်သော စာအုပ်စာစောင်များကို ပြသထားရှိရာ ဆရာ/မများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ အ ထ.က(၂)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၀)ကျော် တက်ရောက်လေ့လာနားထောင်ခဲ့ကြောင်း သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages