မိုင်းခတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးထားသည့် နေကြာစံပြကွက်ကို ဒေသခံတောင်သူများအားပြသ - MyanmarNationalPost

.com/img/a/

News Agency

demo-image

မိုင်းခတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးထားသည့် နေကြာစံပြကွက်ကို ဒေသခံတောင်သူများအားပြသ

 

28

MNP - ဇူလိုင်   ၂၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးထားသည့် နေကြာစံပြကွက်ကို ဒေသခံတောင်သူများအား ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီခွဲအချိန်က တောင်သူဦးဝင်းကြိုင်၏ နေကြာ(၃)ဧက စိုက်ခင်းတွင်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ နေကြာစံပြကွက်ပြသရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ကျေးရွာ၊ အုပ်စုအုပ်ချုပ်ရေးမှူးများ တောင်သူများစုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြပြီးနေကြာစိုက်ပျိုးနည်းစနစ်နှင့် ပိုးပွှားရောဂါကာကွယ်နှိမ်နင်းနည်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages