ဓနုဖြူမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဓနုဖြူမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

48


MNP - ဇူလိုင်  ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းတိုက်ဆိုင် စစ်ဆေးနေမှုများကို ယနေ့ နံနက်ပိုင်း က အမှတ်(၁၀)နှင့် အမှတ်(၁၇)ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိသည်။


မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးရာ၌ မှတ်ပုံတင်အမှတ် (၂)ကြိမ်၊ (၃)ကြိမ် ထပ်နေသူ များ စာရင်း၊ မှတ်ပုံတင်နံပါတ် မပါရှိသူများစာရင်း၊ ပုံစံ ၆၆/၆ မရှိသူများစာရင်းတို့အား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများမှ တိုက်ဆိုင်စစ်ဆေးလျက်ရှိသည်။


အဆိုပါ စစ်ဆေးနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လဝကဦးစီးမှူး၊ မြို့နယ်ကော်မရှင်ဦးစီးမှူးတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages