MNP ၊ ဇူလိုင် ၂
ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့ခရိုင်၊ တောင်ကုတ်မြို့တွင် အပတ်စဥ်စနေနေ့တိုင်း လူထုလှုပ်ရှားမှုအဖြစ် စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ၀န်းကျင်သန့်ရှင်း ရေးအတွက် စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဆရာ၊ ဆရာမများ ၊ တောင်ကုတ်တပ်နယ်မှ စစ်သည် များနှင့်အိမ်ထောင်သည်ရဲမေများ ၊ လူမှုရေး အသင်းအဖွဲ့များက ခြုံနွယ်နှင့်မြက်များခုတ်ထွင်ရှင်းလင်းခြင်းနှင့်အမှိုက်ကောက်ခြင်းများကိုစုပေါင်းဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသန်းထွေး နှင့်အဖွဲ့၀င်များ ၊ ဌာနဆိုင်ရာများကလှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment