မြန်မာအမျိုးသမီးများနေ့အကြို စုပေါင်းကာယလေ့ကျင့်ခန်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာအမျိုးသမီးများနေ့အကြို စုပေါင်းကာယလေ့ကျင့်ခန်းပြုလုပ်




MNP - ဇူလိုင်   ၂


၂၀၂၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အကြို လှုပ်ရှားမှုအနေဖြင့် ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၇ နာရီခန့်က စုပေါင်း ကာယလေ့ကျင့်ခန်းပြုလုပ်သည့် အစီအစဉ်ကို ဘားအံမြို့ အောင်သံလွင် အားကစားကွင်း၌ ကျင်းပ သည်။


စုပေါင်းကာယလေ့ကျင့်ခန်း အစီအစဉ်တွင် ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား ၁၂၀ ခန့်ဖြင့် စုပေါင်း ကာယလေ့ကျင့်ခန်းများ၊ အကြောလျှော့လေ့ကျင်းခန်းများ  ပြုလုပ်ခဲ့ကြပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။


ကရင်ပြည်နယ် မြန်မာအမျိုးသမီးများနေ့အကြို လှုပ်ရှားမှုအနေဖြင့် ဇူလိုင်လ ၂ ရက်နေ့တွင် နည်းပညာ တက္ကသိုလ် (ဘားအံ)၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)