ဘားအံ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ဘားအံ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

10


MNP - ဇူလိုင်  ၁၉


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘားအံမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ သာမညတောင်ခြေ ရွှေဘုံသာနှစ်ထပ် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူ့လက်ဝယ် အရောက် ပေးအပ်ခဲ့ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် သာမတောင်ခြေနှစ်ထပ် ကျောင်းဆောင် ဆရာတော်ဘဒ္ဒန္တခေမိကအား ဖူးမြော်ကြည်ညို၍ ငါးပါးသီလခံယူ ဆောက်တည် ကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ထို့နောက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို အဆိုပါကျောင်းဆောင်၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အရေးပါပုံများကို ရှင်းလင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သာမညကျေးရွာ အုပ်စုရှိ ရပ်ကွက်/ ကျေးရွာများမှ ဒေသခံပြည်သူ ၂၅၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ ကြကာ ပြည်နယ်လူမှုရေးရာဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဦးစီးမှူး ဦးစိုးလွင်က နိုင်ငံသားစိစစ်ရေးကတ်ပြားများအား စနစ်တကျ ထိန်းသိမ်းထားရှိရန်၊ ပျောက်ပျက်ပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် မှာကြားခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဘားအံမြို့ရှောင်လမ်းအဝင် နဒုက္ခသုခံလမ်း ၅ ဒသမ ၃ ကီလိုမီတာမှ ၆ ဒသမ ၄ ကီလိုမီတာထိ  မူလ ၁၂ ပေအကျယ်ကတ္တရာလမ်းအား ၂၄ ပေ အကျယ်ကတ္တရာလမ်းအဖြစ် လမ်းအဆင့် မြှင့်တင်တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ဘားအံမြို့ရှောင်လမ်းအား ကျောက်အမာခံလမ်းမှ ၂၄ ပေအကျယ် ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ Box Culvert များ ထည့်သွင်း တည်ဆောက်နိုင်ရေး၊ ကျောက်စီရေမြောင်းများ တည်ဆောက်နိုင်ရေးနှင့် ကျောက်စီမြေထိန်းနံရံများ တည်ဆောက်နိုင်ရေး  ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာနမှူး ဦးအောင်ညိုနှင့် တာဝန်ရှိသူများက လမ်းအားအဆင့် မြှင့်တင်တိုးချဲ့ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းတိုးချဲ့ရာတွင် လမ်းနှင့် မလွတ်ကင်းသည့် မြေယာ၊ အဆောက်အဦများအား ကာလတန်ဖိုးအတိုင်း မြေယာလျော်ကြေးပေးရေး တွက်ချက်တင်ပြကြရန် လမ်းညွှန်မှာကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိ သော ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ မွေးမြူရေးဇုန်အဝင်လမ်း အရှည် ၂၇၄၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၁၃ လက္မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာ ကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေကင်းမူလတန်းကျောင်း အဝင်လမ်းနှင့် မုန့်ဈေး တန်းလမ်း ကွန်ကရစ်ခင်းခြင်းတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages