MNP - ဇူလိုင် ၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ခရိုင်ဦးစီးမှူး ရုံးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်ဦးစီးမှူးရုံး စိုက်ရာ သာကေတမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဗိုလ်တထောင်ခရိုင်ရုံး ဖွင့်ပွဲအခမ်းအနားအား ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ ဗိုလ်တထောင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှဝင်းမောင်၊ သာကေတမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်စိန်နှင့် ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် တို့မှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန ဦးစီးမှူးများက ခရိုင်ရုံးဆိုင်းဘုတ်အား မင်္ဂလာ ရွှေကြိုးဆွဲ၍ ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ဗိုလ်တထောင်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး ဖွင့်ပွဲအခမ်းအနားသို့ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး ဇော်ဝင်းထွန်း၊ ဗိုလ်တထောင်ခရိုင်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ဝေယျာမင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment