လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

 


38


MNP - ဇူလိုင်   ၁၈


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေဝါသနာရှင်များနှင့် ကျောင်းသားကျောင်းသူများ ပူးပေါင်း၍ စာရေးဆရာ ထက်ကျော်၏ အရိပ်တွေကိုလိုက်ဖမ်းနေရင် အကောင်တွေ လွတ်သွားလိမ့်မယ် စာအုပ်မှ ” လူငယ်နှင့်ဘဝတန်ဖိုး ” ဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် ကျောင်းသားကျောင်းသူများက လူငယ်နှင့်ဘဝတန်ဖိုး ဆောင်းပါးမှ လူငယ်တွေရဲ့ဘဝမှာ ရင်ဆိုင်ရလေ့ရှိသည့် ခက်ခဲဆင်းရဲသည့်အခြေအနေ၊ ပင်ပင်ပန်းပန်းကြိုးပမ်း အားထုတ်ရသည့်အခြေအနေ၊ တချို့ကအောင်မြင်စွာ ရင်ဆိုင်ကျော်ဖြတ်ရင်း၊ မိမိတို့ရဲ့ဘဝတန်ဖိုးကို မြှင့်တင်ကြသလို တချို့ကျတော့လည်း ဘဝမှာတန်ဖိုးမဲ့စွာ နေထိုင်ရင်း အချိန်တွေကို ကုန်လွန်သွားကြပုံတွေကို အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ စာပေဝါသနာရှင်များနှင့် ကျောင်းသားကျောင်းသူ ၃၀ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။


သတင်း - အောင်ဝင်းငြိမ်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages