မွန်ပြည်နယ်အတွင်း စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်လမ်း ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မွန်ပြည်နယ်အတွင်း စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်လမ်း ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

 

87


MNP - ဇူလိုင်  ၂၂


မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MSCCI) တို့ပူးပေါင်း၍ မွန်ပြည်နယ်အတွင်း စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖွံ့ဖြိုးရေးဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ငွေမိုးဟိုတယ် အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် တွဲဘက်အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က အဖွင့်အမှာစကား ပြောကြားပြီး မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဦးဝင်းထိန်နှင့် စီမံကိန်းနှင့်ဆက်ဆံရေးအရာရှိ (IOM) ဦးအောင်ကျော်သန်းတို့က စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်လမ်း ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေးခဲ့သည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စီးပွားရေးလုပ်ငန်းများအတွက် ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေ မူဘောင်များနှင့် လုပ်သားများ ရွှေ့ပြောင်းခြင်း အခြေအနေများအား လုပ်ငန်းရှင်များ ပိုမိုသိရှိနားလည်လာစေရန်၊ ရွှေ့ပြောင်းသွားလာသူများအတွက် အလုပ်အကိုင် အခွင့်လမ်းများ မြှင့်တင်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်ရည်ရွယ်၍ ကျင်းပဆောင်ရွက် ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Pages