ရွှေတောင်မြို့နယ်တွင် အသက်(၅)နှစ် မှ (၁၂)နှစ်အတွင်း ရှိအခြေခံပညာကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ရွှေတောင်မြို့နယ်တွင် အသက်(၅)နှစ် မှ (၁၂)နှစ်အတွင်း ရှိအခြေခံပညာကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံ

13


MNP - ဇူလိုင်   ၂၃


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင်အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်းရှိအခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကိုရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မြို့နယ်ပြည်သူ့ဆေးရုံ တွင် ယမန်နေ့နံနက် ၉ နာရီကဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံခြင်းကို ပြည်သူ့ဆေးရုံတွင်ကျန်းမာရေး ဝန်ထမ်းများမှထိုးနှံပေးခဲ့သည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ လာရောက်၍ကျောင်းသား/သူများ ကိုဗစ်-၁၉ကာကွယ် ဆေးထိုးနှံနေမှုအခြေအနေများကို ကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages