လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာတွင် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး သရုပ်ပြခြင်းနှင့် ကျောင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာတွင် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး သရုပ်ပြခြင်းနှင့် ကျောင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်

40


MNP - ဇူလိုင်   ၂၄


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာ၊ (အ.လ.က) စာသင်ကျောင်း၌ ယနေ့နံနက် (၉) နာရီခွဲ အချိန်က မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ဦးနှင့်အဖွဲ့များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး သရုပ်ပြခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ဆောင်ရွက်မှုသည် (အ- လ-က) စမ်းလှမ်းကျောင်းရှိ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ခြင်၊ ယင်အန္တရာယ်ကြောင့် ရောဂါဖြစ်ပွားမှု မရှိစေရန်အတွက် ကျောင်းအုပ်ဆရာကြီးမှ အကူအညီတောင်းခံလာပါသောကြောင့် မြို့နယ်မီးသတ်စခန်းမှ မီးသတ်ဦးစီးအရာရှိ၊ ဦးမျိုးဇော်ဦးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ စမ်းလှမ်းကျေးရွာမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃) ဦးတို့ဖြင့် သွားရောက်၍ မီးဘေးနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်း၊ သန့်ရှင်းရေး ပြုလုပ်ပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်။


သတင်း - သိန်းသိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages