မြန်မာနိုင်ငံ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ စားသုံးဆီ ဖူလုံစေရေးနှင့် ဆီစက်များ အဆင့်မြှင့်တင်ရေး ဆောင်ရွက်ရန် ဆွေးနွေး - MyanmarNationalPost

.com/img/a/

News Agency

demo-image

မြန်မာနိုင်ငံ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ စားသုံးဆီ ဖူလုံစေရေးနှင့် ဆီစက်များ အဆင့်မြှင့်တင်ရေး ဆောင်ရွက်ရန် ဆွေးနွေး

043

MNP ၊ ဇူလိုင် ၂၂

မြန်မာနိုင်ငံ ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးရေး၊ စားသုံးဆီဖူလုံစေရေးနှင့် ဆီစက်များ အဆင့်မြှင့်တင်ရေး ဆောင်ရွက်ရန် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြည်တွင်း စားသုံးဆီ ဖူလုံရေးအတွက် သာမက နိုင်ငံတကာတွင် လက်ရှိဖြစ်ပေါ်နေသော စားသုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး မျှော်မှန်းဆောင်ရွက်ရာ၌ ဆီထွက် သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ဆီစက်များ၏ ကြိတ်ခွဲ ထုတ်လုပ်နိုင်မှု စွမ်းအားမြှင့်တင်ရေးသည် အရေးကြီးသောကဏ္ဍမှ ပါဝင်နေကြောင်း။


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက “ဆီစားသုံးမှု လျှော့ချရေး၊ ဆီထွက်သီးနှံများ တစ်ဧက အထွက်နှုန်း တိုးတက်ရေးတွင် သေချာသောသီးနှံကို ဦးစားပေးအလိုက် ဆောင်ရွက်ရေး၊ စိုက် ဧကတိုးချဲ့ရေးနှင့် ဆီစက်များ ကြိတ်ခွဲမှု အဆင့်မြှင့်တင်ရေး” လမ်းညွှန်မှု ပြုထားကြောင်း၊ လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု ဝန်ကြီး ခြောက်ဦးပါဝင်သော စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး ကော်မတီကို ဖွဲ့စည်းဆောင် ရွက်လျက်ရှိကြောင်း၊ အလားတူဆီစက်များ အဆင့်မြှင့်တင်ခြင်းနှင့် ခေတ်မီဆီစက်အသစ်များ တည်ဆောက်ခြင်း လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုကို ဖြည့်ဆည်းပေးရန် နိုင်ငံတော်အစိုးရက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုး ရေးချေးငွေ စီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ကြောင်း။


သို့ဖြစ်ရာ မြန်မာနိုင်ငံ ဆီထွက် သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ စားသုံးဆီ ဖူလုံစေရေးနှင့် ဆီစက်များ အဆင့် မြှင့်တင်ရေး လုပ်ငန်းများတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ ပူးပေါင်း အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် ကဏ္ဍတစ်ခုနှင့် တစ်ခု အချိတ်အဆက်မိမိ ဆောင်ရွက် နိုင်ရေးအတွက် ညှိနှိုင်းအဖြေရှာပြီး လက်တွေ့အောင်မြင်စွာ အကောင်အထည်ဖော် နိုင်သည့် လုပ်ငန်းစီမံချက်များ ရေးဆွဲချမှတ်ရန် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက် စိုက်ပျိုးရေး တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံ၏ စားသုံးဆီ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး သုတေသန ဆောင်ရွက်နေမှုကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆီထွက်သီးနှံ တိုးချဲ့ စိုက်ပျိုးရေး၊ တစ်ဧကအထွက် နှုန်းတိုးရေးနှင့် စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အစားအသောက် ဘေးကင်း လုံခြုံရေးနှင့် ဆီစားသုံးမှုလျှော့ချရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စက်မှုဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ဆီစက်များ၏ လက်ရှိ အခြေအနေနှင့် ကြိတ်ခွဲမှု အဆင့် မြှင့်တင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပုဂ္ဂလိက ဆီစက်ပိုင်ရှင် တစ်ဦးက ပုဂ္ဂလိကကဏ္ဍမှ ဆီစက်များ အဆင့်မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်သူ သမဝါယမအသင်းများ၊ ဆီစက်လုပ်ငန်း သမဝါယမအသင်းများ ဖွဲ့စည်းထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆီကုန်သည် တစ်ဦးက ဆီထွက်သီးနှံများ ရောင်းဝယ်ဖောက်ကားမှုနှင့် ကုန်သွယ်မှု အခြေအနေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက စားသုံးဆီတင်သွင်း ရောင်းဝယ်ဖောက်ကားမှုနှင့် ဈေးကွက် အခြေအနေများကို လည်းကောင်း တင်ပြဆွေးနွေးကြရာ အစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြသည်။


ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးက ဆွေးနွေးတင်ပြချက်များမှ ဖော်ထုတ်ရရှိသည့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ စားသုံးဆီ ဖူလုံစေရေးနှင့် ဆီစက်များ အဆင့်မြှင့်တင်ရေး ဆောင်ရွက်ရန် လုပ်ငန်းစဉ်များကို စုစည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages