MNP ၊ ဇွန် ၁
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာ ရေး ဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများကဘီးလင်းမြို့ပေါ်(၅)ရပ်ကွက်အတွင်းရှိမွေးကင်းစမှအသက်(၂)နှစ်အောက်ကလေး ငယ်များအားပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊မေးခိုင်၊ အသည်းရောင် အသားဝါ (ဘီ )ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး ၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းပြင်းထန် ဝမ်းပျက်ဝမ်းလျှောဖြစ်စေတတ်သော (Rota) ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်၊ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ကျန်းမာရေး ဝန်ကြီး ဌာန၏ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ထူးနောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment