MNP - ဇူလိုင် ၂၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၄/၂၀၂၂) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ မိမိနှင့် မိသားစုဝင်များ ဝတ်ဆင်သော အဝတ်အထည်များအား ကိုယ်တိုင်ချုပ်ဝတ်ဆင်နိုင်ရန်၊ အခြားအပ်နှံသည့် အထည်များကိုလည်း ချုပ်ပေးနိုင်ရန်၊ အခြေခံစက်ချုပ်ပညာ သင်ကြားလိုသူများအား ပြန်လည်သင်ကြားပေးနိုင်ရန်၊ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် အထည်ချုပ်စက်ရုံ၊ အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန်၊ မိသားစုဝင်ငွေများ တိုးပွားစေရန်၊ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင်ရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားနေသော ရက်ကန်းသင်တန်းခန်း၊ စက်ချုပ်သင်တန်းခန်းမနှင့် သင်တန်းကျောင်းမှ သဘာဝဆိုးဆေးဖြင့် ရက်လုပ်ထားသော အဝတ်အထည်များ၊ ချည်ထည်များကို လိုက်လံရှင်းလင်းပြသသည်။
အဆိုပါသင်တန်းကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့မှစ၍တစ်လကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသူ ၂၀ ဦး တက်ရောက်ကြောင်း သိရသည်။
သတင်း - ကိုဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment