တောင်သာမြို့၌ ၂၀၂၂-ခုနှစ် မိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

တောင်သာမြို့၌ ၂၀၂၂-ခုနှစ် မိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

 

55


MNP - ဇူလိုင်   ၂၃


သယံဇာတနှင့်သဘာဝ  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၏ ၂၀၂၂ - ခုနှစ်၊ မိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈:၀၀)နာရီအချိန်က ငှက်လှန်ရိုးဆည် မြောက်ဘက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရမှ သစ်ပင်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီးနောက် ဆက်လက်၍   စိုက်ပျိုးမည့်သစ်ပင်များ အားပေးအပ်ရာတွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး   ဦးရဲလွင်နှင့်ဝန်ထမ်းများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနေမျိုးသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူးရန်နိုင်စိုးနှင့်  ဌာနဆိုင်ရာအကြီးအကဲများထံသို့ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။


ထို့နောက် တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများစုစုပေါင်းအင်အား (၁၅၀) ဦးတို့မှ တမာပင်ပေါင်း(၁၅၀)ပင်အား တပျော်တပါး သစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


သတင်း - ကျော်မျိုးနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages