စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ (၁/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ (၁/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

80


MNP - ဇူလိုင်   ၃၀


စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ (၁/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လူငယ်များဟာ နိုင်ငံတော်အတွက် တန်ဘိုးမဖြတ်နိုင်တဲ့ ကြီးမားသော လူ့စွမ်းအားအရင်းအမြစ်ဖြစ်ကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်ထူးခြားတဲ့ အင်အားစုတစ်ရပ်ဖြစ်ပြီး လူငယ်များ ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်များအနေဖြင့် ပြည်သူများ၏ လူမူရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမို ကျယ်ပြန့်စွာ ပါဝင်ဆောင်ရွက်နိုင်ရေးကို မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် အလေးအနက် ထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊  လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာလှုပ်ရှားမှုတစ်ရပ်အနေဖြင့် တိုင်းဒေသကြီး အားကစားကွင်းတွင် ဘောလုံး၊ ဖူဆယ်၊ ကရာတေး၊ စားပွဲတင်တင်းနစ်၊ fitness Dance၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ တင်းနစ်၊ မြန်မာသိုင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲများကိုလည်း ကျင်းပပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီး လူငယ်ရေးရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ အပြည့်အ၀ အကာင်အထည်ဖော် နိုင်ရေးတွက်နည်းလမ်းများ၊ လိုအပ်ချက်များကို တက်ရောက်လာကြသူများက အကြံပြု ဆွေးနွေးပေးကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က လူငယ်ရေးရာကော်မ တီ ဖွဲ့စည်းထားမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးတို့က လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းများဆောင်ရွက် ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။


ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လူငယ်ရေးရာကော်မတီ၏လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြကြသည်။


ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages