MNP - ဇွန် ၃၀
နေပြည်တော်ကောင်စီ၊ ဒေဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် ဦးဇေယျာလင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ဥတ္တရသီရိခရိုင်၊ ဥတ္တရသီရိ မြို့နယ်အတွင်းရှိ ဟိုတယ်များသို့ သွားရောက်၍ မြို့တော်အဂ်ါရပ်နှင့်အညီ ဟိုတယ်များတည်ရှိရာ လမ်းဘေးဝဲယာနှင့်အတွင်းအပြင် သန့်ရှင်းသာယာလှပ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု့ပြီး ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဟိုတယ်များမှလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများအား Aye Chan Thar Hotel တွင်တွေ့ဆုံ၍ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရန် ကိစ္စများကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော Enchaငn Myanmar Health and Safety Protocol အစီအစဉ်အရ ခရီးသွားကဏ္ဍအတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လာရောက်တည်းခိုသောဧည့်သည်များ ဘေးကင်း လုံခြုံစိတ်ချစေရေးအတွက် ဒေသအဆင့်၊ အမျိုးသားအဆင့်၊ အသိအမှတ်ပြုလက်မှတ်များ၊ တံဆိပ်များရရှိရေးဆောင်ရွက်ပေးနေမှု၊ မသန်စွမ်းသူများ အတားဆီးမဲ့သွားလာနိုင်ရေး Barrier Free Tourism နှင့်ပတ်သက်၍ ဟိုတယ်နှင့်တည်းခိုရိပ်သာများအနေဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းအကောင်အထည်ဖော်နိုင်မှု၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်နှင့်အညီ စီစဉ်ဆောင်ရွက်လျက်ရှိသည့် အတိုင်းနိုင်ငံသားများမှ ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများဖြင့် တည်းခိုနိုင်ရေးကိုလည်း စနစ်တကျဆောင်ရွက်စေမှုများ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံခြင်းနှင့် တတိယအကြိမ်ထပ်ဆောင်းကာကွယ်ဆေး Booster ဆေးကိုလည်းထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်သွားရန်နှင့် ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိသော၊ Hotel Guest List Management System ဟိုတယ်များအနေဖြင့် အသုံးပြုနိုင်ရေးပူးပေါင်းဆောင်ရွက်စေလိုမှုများနှင့် လူပုဂ္ဂိုလ်၊ ပစ္စည်း၊ စာရွက်၊ စာတမ်းများနှင့်မီး ဘေးလုံခြုံရေးများကိုလည်း အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့ပါသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment